A d v e r t i s e m e n t With Us

ဆင်သေပြင်ကျေးရွာသား ၁ ဦးငါးရှာနေစဉ် သေနတ်ကျည်ထိမှန် သေဆုံး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်ကျေးရွာက ရွာသား တဦး  အောက်တိုဘာ ၇ ရက် ညနေက ပုဇွန်ကန်မှာ ငါးရှာနေစဉ် သေနတ်ကျည်ထိမှန် သေဆုံးသွားခဲ့တယ်လို့  ဆင်သေပြင်ကျေးရွာတာဝန်ခံက ပြောပါတယ်။ "မနေ့က ညနေပိုင်း ပုဇွန်ကန်မှာ ငါးရှာနေတာပါ။ သေနတ်ကျည် ဦးခေါင်းမှာထိမှန်ပြီး သေဆုံးသွားပါတယ်။ တိုက်ပွဲဖြစ်တာတော့ မရှိပါဘူး။ လက်နက်ကြီးတွေပစ်တာကတော့ နေ့စဉ် ပစ်နေကြတာပါပဲ"လို့ ပြောပါတယ်။ သေဆုံးသူဟာ အသက် ၆၀ အရွယ်ရှိ မာမတ်ဆီဒိတ်  ဖြစ်ကြောင်းသိရပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် ဆင်သေပြင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ဝမ်းဗိုက်ကိုကျည်ထိမှန်တာကြောင့် ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမူခံယူနေရာမှ ကလေးငယ်သေဆုံးခဲ့ရပါတယ်။ ဇူလိုင်လ ၂၂ ရက်နေ့မှာတော့ လူငယ်တဦး လက်နက်ကြီးကျည်ထိမှန်ကာ ဒဏ်ရာရခဲ့ ပါတယ်။ ဇူလိုင်လ ၂၈ ရက် နေ့မှာလည်း လက်နက်ကြီးကျည်စထိမှန်ပြီး ဆင်သေပြင် ကျေးရွာမှ မွတ်ဆလင်လူငယ်တဦး ပြင်းထန်စွာဒဏ်ရရာရှိခဲ့ပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့ကတော့ အသက် ၆၅ နှစ် အရွယ် အဘွားအို တဦး လက်နက်ကြီးကျည်စ ထိမှန် သေဆုံးသွားခဲ့ရသလို သြဂုတ်လ ၃၁ ရက်နေ့မှာ လက်နက်ကြီး ကျရောက်ပြီး အိမ်ခြေ ၅ လုံးခန့် မီးလောင်ပြာကျသွားခဲ့ရပါတယ်။ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ဆင်သေပြင်ရွာမှ ရွာသူရွာသား ၁၃၀၀ ကျော်လောက်ဟာ ဖုံညိုလိပ်ကျေးရွာမှာ စစ်ဘေးခိုလှုံနေကြပြီး တချို့ကတော့ ဆင်သေပြင်ရွာမှာ ဆက်လက် နေထိုင်ကြပါတယ်။ ကောင်းကောင်း

A d v e r t i s e m e n t With Us

More News
Up