ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာကုန်စည်ပြပွဲတွင် ဆေးကုမ္ပဏီပေါင်း ၁၀၀ ကျော် ပြသ
သူဇာလင်း
·
October 9, 2019
ဆေးနဲ့ဆေးပစ္စည်းကိရိယာတွေပါဝင်တဲ့ ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာ နိုင်ငံတကာ စက်မှုကုန်စည်ပြပွဲကို ၅ ကြိမ်မြောက်အဖြစ် တပ်မတော်ခန်းမ ဒီကနေ့ စတင် ကျင်းပနေပါတယ်။
အောက်တိုဘာ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပမယ့် ဆေးနဲ့ ဆေးဝါး ထုတ်လုပ်ရေးဆိုင်ရာ ကုန်စည်ပြပွဲကိုတော့ နိုင်ငံတကာက ဆေးကုမ္ပဏီပေါင်း ၁၀၀ ကျော်က ပါဝင်ပြသနေတာလည်းဖြစ်ပါတယ်။
အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ဘင်္ဂလားဒေရှ့်၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းစတဲ့ နိုင်ငံတွေက ဆေးဝါး၊ ဆေးပစ္စည်းကိရိယာတွေ၊ ဆေးရုံးသုံးပစ္စည်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းနဲ့ ဆေးဝါးထုတ်လုပ်ရေး နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ပြသနေတာပါ။
လက်ရှိမှာတော့ မြန်မာနိုင်ငံအနေနဲ့ ဆေးထုတ်လုပ်မှုအပိုင်းက ၁၀ ရာခိုင်နှုန်းလောက်သာ ရှိပြီး ၉၀ ရာခိုင်နှုန်းက ပြည်ပက ဝယ်ယူတင်သွင်းနေရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံက ဆေးအများဆုံး ဝယ်ယူတင်သွင်းနေရပြီး ထိုင်းနိုင်ငံကတော့ ဒုတိယအများဆုံး ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။