ဂျာမနီနှင့် အာဂျင်တီးနား ဘောလုံးအသင်း ခြေစမ်းပွဲကစားမည်

1.3K
၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျာမနီနဲ့ အာဂျင်တီးနားတို့ ခြေစမ်းကစားကြတော့မှာပါ။
အောက်တိုဘာ ၁၀ ရက် မနက် ၁ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမယ့် ဂျာမနီနဲ့ အာဂျင်တီးနားတို့ရဲ့ ခြေစမ်းပွဲကို ဂျာမနီက ဒေါ့မွန်အသင်းရဲ့ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီကတော့ သုံးလ ပွဲကစားခွင့် ပိတ်ပင်ခံထားရလို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
မက်ဆီဟာ ပြီးခဲ့တဲ့ ကိုပါ အမေရိကဖလားမှာ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကို အကျင့်ပျက် ခြစားမှုတွေ ရှိတယ်လို့ စွပ်စွဲခဲ့တာကြောင့် သုံးလ ပွဲပယ်ခံထားရတာပါ။
ဒါ့အပြင် အာဂျင်းတီးနားအသင်းမှာ ဒီမာရီယာ၊ အဂွဲရိုး၊ အီကာဒီတို့လို တိုက်စစ်ကစားသမားတွေလည်း ရွေးချယ်ခြင်း မရှိတာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
အာဂျင်တီးနားနည်းပြ စကယ်လိုနီကတော့ အဓိက ကစားသမားတွေ မပါဝင်နိုင်တာကြောင့် ကစားသမားသစ်တွေအတွက် အလွန်အရေးကြီးတဲ့ပွဲ ဖြစ်ပြီး ဂျာမနီကို အကောင်းဆုံး ရင်ဆိုင်သွားမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂျာမနီမှာတော့ ဂန်ဒိုဂမ် လွဲချော်မှာ ဖြစ်သလို တိုနီခရူးစ်၊ ဆာနေး၊ ရူဒီဂါ၊ တီမိုဝါနာ စတဲ့ ကစားသမားတွေ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။