A d v e r t i s e m e n t With Us

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အရေးပေါ် ရန်ပုံငွေ ၁ ဘီလီယံ လျာထားခွင့်ရ

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အခုနှစ်  အရေးပေါ်ရန်ပုံငွေ ကျပ် ၁ ဘီလီယံ စီ လျာထားခွင့် ရရှိခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနက သိရပါတယ်။ 

အရင်တုန်းက ပြည်ထောင်စုအနေနဲ့ အရေးပေါ်ရန်ပုံငွေ ၁၀၀ ဘီလီယံကို ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနရုံးချုပ်မှာ လျာထားပေးခဲ့ပြီး အခုနှစ်က စတင်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုမှာရှိတဲ့ ပြည်ထောင်စုဝန်ကြီးဌာနများမှာပါ ၁ ဘီလီယံ လျာထားပေးထားတယ်လို့ ဆိုပါတယ်။ 

တိုင်းဒေသကြီးအတွင်း အရေးပေါ်ဖြစ်လာတဲ့အခါ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ အဆိုပါ ရန်ပုံငွေတွေ ထုတ်သုံးပြီး တိုင်းဒေသကြီးအစိုးရမှတဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြသွားရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

အရင်ကအရေးပေါ်ရန်ပုံငွေ လိုအပ်တဲ့ချိန်မှာ ပြည်ထောင်စု အစိုးရကိုတင်ပြရပြီး ခွင့်ပြုချက် ရမှသာ ပြည်ထောင်စုလွှတ်တော်ကို တင်ပြရတာလည်းဖြစ်ပါတယ်။ တကယ်လို့ ၁ဘီလီယံနဲ့ မလုံလောက်ခဲ့ရင် ပြည်ထောင်စုကို ထပ်မံတင်ပြရမှာဖြစ်ပြီး ပြည်ထောင်စုမှာတော့ အရေးပေါ်ရန်ပုံငွေ ၅၀ ဘီလီယံ လျာထားတယ်လို့ သိရပါတယ်။

သတင်း- တင့်လွင်

A d v e r t i s e m e n t With Us

More News
Up