A d v e r t i s e m e n t With Us

မူးယစ်ဆေးဝါး ကျပ်သိန်း ၃၀၀၀ ကျော်ဖိုး စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ အမျိုးသား လေးဦးထံကနေ  မူးယစ်ဆေးဝါးတွေ ကျပ် သန်း ၃၀၀၀ ကျော်ဖိုး အောက်တိုဘာ ၈ ရက်နေ့ညက ဖမ်းဆီးရမိခဲ့ပါတယ်။ စစ်ကိုင်းမြို့၊ အင်းဝတံတားလုံခြုံရေး ရဲကင်းရှေ့မှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေ၊ မူးယစ်တပ်ဖွဲ့စု(၈) တပ်ဖွဲ့ဝင်တွေနဲ့ သက်သေဖြစ်တဲ့ ပန်းပဲတန်းရပ်ကွက်နဲ့ အိုးဖိုရပ်ကွက်က ရာအိမ်မှူးတွေနဲ့အတူ  ပိတ်ဆို့ရှာဖွေရာမှာ မန္တလေးကနေ စစ်ကိုင်းဘက်ကို မောင်းလာတဲ့ ကားတစီးနဲ့ အမျိုးသား ၄ ဦးထံက ၉မမ ပစ္စတို တလက်၊ ကျည်၆တောင့်၊ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ စုစုပေါင်းငွေကျပ် ၃၀၄,၁၈ဝ,ဝဝဝ ဖိုးကို  ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ထံကသိရပါတယ်။ အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲတရားခံတွေကို ဆက်လက်ရှာဖွေဖမ်းဆီးရမှာမို့ အကြောင်းစုံ ရှင်းပြလို့မရသေးဘူးလို့ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင် တဦးက  ပြောပါတယ်။ ဖမ်းဆီးရမိထားတဲ့ မြစ်ကြီးနားမြို့ အင်ဂျန်ဘုံရပ်ကွက်နေ  စောခွန်းချို အပါအဝင် အမျိုးသား လေးဦးကို စစ်ကိုင်းမြို့မရဲစခန်းက မယ(ပ)၁၅/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)/ ၂၀(က)/ ၂၂(ခ)/၂၁ တို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up