A d v e r t i s e m e n t With Us

ဝက်လက်မြို့နယ်တွင်  မဲဆန္ဒရှင်လူဦး‌ရေ ၇၀၀၀ ကျော်လျော့နည်းသွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ လူဦးရေဟာ ၂၀၁၅ ရွေးကောက်ပွဲ‌ မဲ‌ဆန္ဒရှင်လူဦး‌ရေထက် ၇၀၀၀ ကျော်လျော့နည်းနေတယ်လို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ ဝက်လက်မြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲမဲဆန္ဒရှင်စာရင်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းမှာ ကောက်ခံပြီးစီးခဲ့တာဖြစ်ပြီး လောလောဆယ်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၁၆၈,၅၀၄ ဦး ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ ဒီအရေအတွက်ဟာ ၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းထက် ၇၀၀၀ ကျော် လျော့နည်းနေတာ ဖြစ်ပါတယ်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ဝင်းက “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်အရ အိမ်ထောင်စုစာရင်းရှိရင် မဲစာရင်းထည့်ရမယ်ဆိုလို့ လူရှိရှိမရှိရှိ မဲစာရင်းထည့်လိုက်လို့ လူဦးရေစာရင်းတွေ ဖောင်းပွသွားတာ”လို့ ပြောပါတယ်။ ဝက်လက်မြို့နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲပေးပိုင်ခွင့်ရှိသူ ၁၇၅,၈၉၀ ဦးရှိပြီး ၇၀ ရာခိုင်နှုန်း လောက် မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။ သတင်း- အောင်စံလင်း

A d v e r t i s e m e n t With Us

More News
Up