Home
မြန်မာသတင်း
ရန်ကုန်မြို့သစ်စီမံကိန်း မူလမြေပိုင်ရှင်များထံ ကျပ် ၂၀၀ ဘီလီယံ ထပ်လျော်ပေးမည် 
DVB
·
October 9, 2019
72402880_2635353726530685_5996947979389370368_o
ရန်ကုန်မြို့သစ်စီမံကိန်း မူလမြေပိုင်ရှင်တွေထံ ပြီးခဲ့တဲ့ရက်ပိုင်းက  ကျပ်ငွေ ၇ ဘီလီယံလောက် လျော်ပေးခဲ့ပြီး နောက်ထပ် ကျပ် ၂၀၀ ဘီလီယံ ထပ်လျော်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ အောက်တိုဘာ ၈ ရက်မနက်က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွှန့်ကျေးရွာ၊ ခါတော်မီဘုန်းကြီးကျောင်းတိုက်မှာ ကျင်းပတဲ့  မြေပြန်လည်ပေးအပ်ပွဲ အခမ်းအနားမှာ ပြောသွားတာလို့ ရန်ကုန်တိုင်းအစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဒဂုံလေးမြို့နယ်ကို မြေသိမ်းခဲ့ကြောင်း၊ လျော်ကြေးပေးမှု တချို့နေရာတွေမှာ မရှိခဲ့တဲ့အတွက် မိမိတို့ အခုလျော်ကြေးပေးနိုင်ဖို့ ပြင်ဆင်နေကြောင်း၊ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ၇ ဘီလီယံ နီးနီး လျော်ပေးခဲ့ပြီး၊ ယခု နောက်ထပ် ၃၀ ဘီလီယံကျော် ထပ်လျော်ဖို့ပြင်ဆင်နေကြောင်း၊ လာမည့် ဧပြီလမှာ ၂၀၀ ဘီလီယံလောက် လျော်ပေးဖို့ ပြင်ဆင်ရမှာ ဖြစ်ကြောင်း၊ ဘာကြောင့် မြေလျော်ကြေးပေးဖို့ လုပ်ရလဲဆိုရင် မြို့ပြဖြစ်သွားတဲ့ နေရာတွေမှာ မြေသည်မြို့မြေ ဖြစ်သွားတာကြောင့် လယ်ပြန်စိုက်လို့မရတော့ကြောင်း၊ လယ်သိမ်းထားတဲ့ နေရာတွေမှာ လယ်ပြန်စိုက်ဖို့ ပုံစံခွန် ထုတ်ပေးမှုကို မလုပ်နိုင်တဲ့ နေရာတွေမှာ မြေလျော်ကြေးပေးဖို့ ဆုံးဖြတ်ဆောင်ရွက်ခဲ့တာဖြစ်တယ်”လို့ ပြောသွားပါတယ်။ “ဒီနေ့ဟာ ရန်ကုန်တိုင်းကြီးအတွက် အလွန်မင်္ဂလာရှိတဲ့ နေ့တနေ့လို့ ပြောရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ကျနော်တို့ရဲ့ ရန်ကုန်မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ဦးဆောင်ပြီး ဆောင်ရွက်နေတဲ့ အစီအစဉ်ထဲမှာ အရေးကြီးတဲ့ စီမံကိန်းကြီးတခုဖြစ်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ များစွာကို ကျော်ဖြတ်ဆောင်ရွက်နေရတဲ့ အရေးကြီးတဲ့ စီမံကိန်းကြီး တစ်ခုဖြစ်ပါတယ်။”လို့ပြောပါတယ်။ မြေပြန်လည်ပေးအပ်ရာမှာ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ တောင်သူ ၁၈၇  ဦးပိုင်တဲ့ လယ်မြေဧက ၁၅၁၄ ဧက အတွက် ယခင်လယ်မြေမှ ယခု မြို့မြေနေရာအဖြစ် မြေကွက်အမျိုးအစားအလိုက် ၂၀ ရာခိုင်နှုန်း ယာယီမြေပေးမိန့်တွေ ပြန်လည်ပေးအပ်ခဲ့တာလို့ ရန်ကုန်တိုင်းအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဓာတ်ပုံ- YGN Govt 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024