ဒဂုံရွှေအောင်လံ မြန်မာရိုးရာလက်ဝှေ့ပြိုင်ပွဲ
DVB
·
January 7, 2013
ဒဂုံရွှေအောင်လံမြန်မာရိုးရာလက်ဝှေ့ပြိုင်ပွဲ ၂၀၁၃ ဖိုင်နယ်ပွဲစဉ်တွေကို ဇန်န၀ါရီ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁)တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ဒဂုံရွှေအောင်လံပွဲတွေကို အတန်းအလိုက်ယှဉ်ပြိုင်ကစားခဲ့ရာ တတိယတန်း ဒဂုံအောင်လံကို ရဲမြင့်အောင်(အဖြူရောင်သွေးသစ်)ကလည်းကောင်း၊ ဒုတိယတန်းဒဂုံ အောင်လံကို တူးတူး(နဂါးမာန်)ကလည်းကောင်း၊ အထူးရွှေအောင်လံဆုများကို ထွန်းထွန်းမင်းနဲ့ ထွန်းထွန်း(မြန်မာ)တို့မှ ဖဲလစ်(ဂျာမနီ)နဲ့ အက်ရှ်ခန်အမ်တီဒါဘီ(အီရန်)တို့အား အသီးသီး အနိုင်ရခဲ့ကြပါတယ်။
ပထမတန်း ဒဂုံအောင်လံဆုကို တွေ့မရှောင်က ဖိုးကေကို ပထမအချီ ၂ မိနစ်နဲ့ စက္ကန့် ၂၀ မှာ အလဲထိုး အနိုင်ရရှိသွားပါတယ်။ Read more