မန်စီးတီးကို ၈ မှတ်ဖြတ်ထားပေမယ့် ချန်ပီယံဆုမသေချာသေးဟု လီဗာပူးကစားသမား ပြော

818
မန်စီးတီးအသင်းကို ၈ မှတ်အထိ ဖြတ်ထားပေမယ့် ချန်ပီယံဆုအတွက် ဘာမှ ပြောလို့မရသေးကြောင်း လီဗာပူးကွင်းလယ်လူ ဝိုင်နယ်ဒမ်းက ပြောပါတယ်။
လီဗာပူးအသင်းဟာ ပွဲစဉ် ၈ အပြီးမှာ အဓိကပြိုင်ဘက် မန်စီးတီးကို ၈ မှတ် ဖြတ်ထားတာ ဖြစ်ပေမယ့် ချန်ပီယံ ဖြစ်ပြီလို့ မတွေးထားသင့်ကြောင်းနဲ့ အဲဒီလို တွေးတာဟာ မှားယွင်းမှုသာ ဖြစ်နိုင်ပြီး ကိုယ့်အသင်းရဲ့ အကောင်းဆုံး ခြေစွမ်းကို ဆက်ထိန်းထားဖို့ပဲ အာရုံစိုက်သင့်တယ်လို့ ဝိုင်နယ်ဒမ်းက ဆိုပါတယ်။
ဒါ့အပြင် ပြိုင်ဘက်အသင်းရဲ့ အခြေအနေကို စောင့်ကြည့်နေမှာ မဟုတ်ဘဲ အပတ်စဉ်တိုင်းမှာ ရလဒ်ကောင်းရဖို့သာ ပစ်မှတ်ထား ကစားရမှာဖြစ်ပြီး ရာသီအကုန်မှာ ဘယ်သူ ချန်ပီယံ ဖြစ်မလဲဆိုတာ သိရမှာ ဖြစ်တယ်လို့ ဝိုင်နယ်ဒမ်းက ပြောပါတယ်။