A d v e r t i s e m e n t With Us

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့ အန်စီအေကိစ္စ ဆွေးနွေး

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) တို့   အန်စီအေစာချုပ်ပါအချက်တွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။  အစိုးရနဲ့ အန်စီအေ လက်မှတ်ထိုးခဲ့တဲ့အချိန်ကနေ အခုချိန်ထိ နိုင်ငံရေးဆွေးနွေးပွဲတွေ ကိုလည်း မလုပ်ခဲ့ရသလို  အန်စီအေစာချုပ် အခန်း ၆ ပါ ကြားကာလဆောင်ရွက်ချက်တွေကိုလည်း မလုပ်နိုင်ခဲ့တာကြောင့် ရခိုင်ပြည်သူလူထုအကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အခုလိုတွေ့ဆုံဆွေးနွေးရတာလို့  ALP ပါတီ ဗဟိုကော်မတီဝင် စောမြရာဇာလင်းက ပြောပါတယ်။ ရခိုင်လူထုအတွက် ပညာရေး၊ ကျန်းမာရေးက အစ အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် အလွယ်ဆုံးနည်းလမ်းတွေကနေစပြီး လုပ်ကိုင်နိုင်ဖို့အတွက် အခုတွေ့ဆုံပွဲမှာဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။ အဲဒီတွေ့ဆုံပွဲကို ရန်ကုန်မြို့ရွှေလီလမ်းမှာရှိတဲ့ NRPC ရုံးမှာကျင်းပတာ ဖြစ်ပြီး ALP က တာဝန်ရှိသူတွေနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကတာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေဘက်ကတော့ အခုတွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ အချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်လက်တင်ပြပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up