A d v e r t i s e m e n t With Us

ဟစ်ဟော့ပ်အဆိုတော် ကြက်ဖ တကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်

ဂီတလောကကနေ ကာလအတန်ကြာပျောက်နေခဲ့တဲ့ ဟစ်ဟော့ပ်အဆိုတော် ကြက်ဖရဲ့ တကိုယ်တော် ဂီတဖျော်ဖြေပွဲကို လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီ Mini Concert ဖျော်ဖြေပွဲကိုတော့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီစား သောက်ဆိုင်မှာ ညနေ ၆ နာရီကနေ ၁၁ နာရီထိ ပြုလုပ်သွားမှာဖြစ်ပြီး လက်မှတ်တွေကို တော့ တစောင်ကို ကျပ်တသောင်းနဲ့ ရောင်းချနေတာပါ။ မြူးကြွတဲ့ ဟစ်ဟော့ပ်တေးသွားဂီတသံစဉ်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေလေ့ရှိတဲ့ ကြက်ဖဟာ မူးယစ်ဆေးပြဿနာကြောင့် ဂီတလောကကနေ အချိန်ဆယ်စုနှစ်တစုစာ လောက် ကင်းကွာနေခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ဝင်တေးတွေမှာရော သီချင်းသစ်တွေကိုပါ ပြန် လည်ဖန်တီးနေတာကို တွေ့ရပါတယ်။ ခုကျင်းပမယ့် ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာတော့ ခုလိုရေးသားဖော်ပြထားခဲ့တာပါ။ “ကျနော့်ဘ၀ရဲ့ ပထမဆုံးတကိုယ်တော် ဖျော်ဖြေပွဲလေးပါ/ လာမယ့် သီတင်း ကျွတ်ရုံးပိတ်ရက် ပထမဆုံးနေ့မှာ တွေ့ကြရအောင်” အကန့်အသတ်နဲ့သာ ရောင်းချမယ့် ဒီဖျော်ဖြေပွဲလက်မှတ်တွေကိုတော့ အကန့်အ သတ်နဲ့ ရောင်းချမှာဖြစ်ပြီး ကြက်ဖရဲ့ ထွက်ရှိပြီးသား သီချင်းသစ်တွေရော၊ လုံး၀နားမ ထောင်ဖူးသေးတဲ့ သီချင်းသစ်တွေကိုပါ သီဆိုဖျော်ဖြေပေးသွားမယ်လို့ ကြေငြာထားပါ တယ်။ Showပွဲလက်မှတ်ဝယ်ယူရရှိနိုင်သောနေရာများ.. (1)လှည်းတန်းစင်တာရှိ Dream Fashion Shop... (2).မြေနီကုန်း City Mart အနောက်ဘက်၊ ပဒုမ္မာကွင်းအနီးရှိ The Corner Bar (စမ်းချောင်းလမ်း)

A d v e r t i s e m e n t With Us

More News
Up