A d v e r t i s e m e n t With Us

အီကွေဒေါတွင် ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုကြောင့် ကုန်တင်ကားသမားများ ဆန္ဒပြ

အီကွေဒေါနိုင်ငံ မြို့တော် ကွီတိုရဲ့ မြို့စွန်က လမ်းပေါ်မှာ ဆန္ဒပြနေတဲ့ ကုန်ကားမောင်းသူတွေနဲ့  ဒေသခံတိုင်းရင်းသားတွေဟာ လမ်းပေါ်က အရံအတားတွေကို အောက်တိုဘာ ၇ ရက်က မီးရှို့ခဲ့ပါတယ်။ လောင်စာဆီ အမတော်ကြေးကို ဖြတ်တောက်တဲ့ သမ္မတ လေနင် မိုရန်နိုရဲ့ ခြိုးခြံချွေတာရေး လုပ်ဆောင်ချက်အပေါ် အများပြည်သူတွေက ဒေါသထွက်နေလို့ ခုလို ဆန္ဒပြတာပါ။ မာချာချီမြို့နယ်က မီးလောင်နေတဲ့ အရံအတားတွေကြောင့် ကွီတိုမြို့တော်ဆီ ဝင်မယ့် ယာဉ်ကြောက ရပ်နေပြီး ဓာတ်ဆီဈေး ပြန်ချမပေးမချင်း ခုလို ဆက်နေမယ်လို့ ဆန္ဒပြသူတွေက ကတိပြုထားပါတယ်။ လောင်စာဆီ အမတော်ကြေး ပယ်ဖျက်မှုကြောင့် ကုန်ဈေးနှုန်း သိသိသာသာ တက်လာတယ်လို့ ပြည်သူတွေက မကျေမနပ် ပြောပါတယ်။  အီကွေဒေါမှာဆယ်စုနှစ် တခုကျော်အတွင်း အဆိုးရွားဆုံး မတည်ငြိမ်မှု ဖြစ်ခဲ့ပြီး လောင်စာဆီရေးရာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် အထိနာမယ်လို့ ဒေသခံတွေက ပြောပါတယ်။  ရေနံထုတ်လုပ်တဲ့ အီကွေဒေါနိုင်ငံမှာ ၂၀၁၇ ရွေးကောက်ပွဲအတွင်း အလယ်အလတ် ဝါဒီ မိုရေနိုက အနိုင်ရခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up