A d v e r t i s e m e n t With Us

ဖြူဖြူကျော်သိန်းကို မျက်ရည်ကျစေခဲ့တဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် (ရုပ်သံ) 

       ရွက်ပုန်းသီး အနုပညာရှင်တွေ မွေးထုတ်ပေးမယ့် မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲဟာ တစထက်တစ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာနေခဲ့ပါတယ်။        ပြီးခဲ့တဲ့ သောကြာနေ့မှာတော့ ဒိုင်တွေထဲက တဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းကို မျက်ရည်ဝဲသွားစေတဲ့အထိ စွမ်းဆောင်နိုင်တဲ့ ပြိုင်ပွဲဝင်တဦးထွက်ပေါ်လာခဲ့တာပါ။        သူကတော့ ကရင်တိုင်းရင်းသားလေးတဦးဖြစ်တဲ့ စောကလေးမူးဝါးဖြစ်ပြီး ရန်ကုန်လူရွေးပွဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။        အိမ်ကလေးတလုံးလိုချင်တယ်အမည်နဲ့ သူပါဝင်ယှဉ်ပြိုင်တဲ့ သီချင်းဟာ အင်တာနက် စာမျက်နှာတွေပေါ်မှတဆင့် နာမည်ကြီးခဲ့တဲ့ ကိုရီးယား နိုင်ငံရောက် ဆယ်ကျော်သက် ကရင်တိုင်းရင်းသူလေး Naw Martha Htoowah ရဲ့သီချင်းတပုဒ်ဖြစ်ပါတယ်။ “အိမ်မလိုတဲ့သူများ ဘယ်သူရှိမလဲကွာ နွေးထွေးမှုတွေပေးတဲ့ အိမ်ကလေးထဲမှာ မနေချင်ကြပါဘူး မလိုချင်တော့ပါဘူး ဘယ်သူရှိမလဲ ငိုနေတဲ့အချိန် အဖော်ပြု ပေးမယ့် အိမ်မျိုး ကြောက်ရွံ့တဲ့အချိန် ကွယ်ကာပေးမယ့် အိမ်မျိုး ညနေခင်းတိုင်းအတွက် သက်သောင့်သက်သာရှိရင်ပဲ ကျေနပ်ပါတယ် ဒီသီချင်းကိုတော့ တေးရေး Saw Sar Ae Saree က ရေးစပ်ပေးထားပြီး ကရုဏာ သံပြည့်ဝတဲ့ Naw Martha Htoowah ရဲ့ အသံနဲ့ သီဆိုထားခဲ့တာဟာ ပရိသတ်ရဲ့ ရင်ထဲကို ထိရှစေခဲ့ပြီး နာမည်ကြီးခဲ့တာပါ။ ခုတခါမှာတော့ စောကလေးမူးဝါးရဲ့ ထူးခြားတဲ့ ပုံစံတမျိုးနဲ့ သီဆိုဟန်ဟာ ဒိုင်တွေကို ဖမ်းစားထားနိုင်ခဲ့တာပါ။ “အိမ်လေးတလုံး လိုချင်တယ် အရမ်းလှပဖို့လည်း မလိုဘူး ငါနာကျင်ခံစား ရချိန်ဆို အနားယူနိုင်ရုံလေးပါ အိမ်လေးတလုံး လိုချင်တယ် တခမ်းတနားကြီးရှိဖို့ မလိုဘူး ငါမောပန်းနေရတဲ့ အချိန်ဆို အနားယူနိုင်ရုံလေးပါ        Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ပြီး Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင် ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ Myanmar Idol Season 4 ကိုတော့ လက်ရှိကျင်းပနေပြီဖြစ်ကာ  တေးသံရှင် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က ဒိုင်တွေအဖြစ် ပါဝင်နေကြတာ ဖြစ်ပါတယ်။ “အိမ်လေးတလုံး မရှိပေမယ့် လူလားမြောက်ခဲ့ပြီပဲ ဘယ်သူတဦးတယောက် ရဲ့ အပေါ်ကို အပြစ်မတင်ချင်ပါဘူးကွယ် ဒီနှလုံးသား ဖြူစင်နေသရွေ့တော့ တယောက် ယောက်တော့သတိထားမိမှာပေါ့ ငါရှာဖွေနေမိတဲ့ အိမ်လေး တနေ့နေ့ တော့ ပြန်တွေ့မယ် အိမ်ကလေးတလုံး ပိုင်ဆိုင်ချင်တဲ့ အကြောင်း၊ စိတ်ပင်ပန်းစရာတွေ ကြုံတွေ့လာ ရတဲ့အချိန်မှာ နားခိုစရာနေရာလေးတခုကို လိုအပ်တဲ့အကြောင်းတွေကို ခံစားမှုပါပါ သီဆိုခဲ့တဲ့ ပြိုင်ပွဲဝင် စောကလေးမူးဝါးကတော့ လတ်တလောမှာ ဒိုင်တွေဆီက Golden Ticket ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up