A d v e r t i s e m e n t With Us

အေအိုင်နည်းပညာအကြောင်း ဟောလိဝုဒ် ဇာတ်မြူး ရုပ်ရှင် – Jexi (နမူနာ)

ပုံစံတမျိုးနဲ့ ထူးထူးခြားခြား ရိုက်ကူးတင်ဆက်လိုက်တဲ့ ဟောလိဝုဒ်ဇာတ်မြူး ရုပ်ရှင် - Jexi ကို လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Lionsgate ၊ CBS Films ၊ Entertainment One ရုပ်ရှင်ထုတ်လုပ်ရေးတွေက တင်ဆက်လိုက်တာဖြစ်ပြီး ဟောလိဝုဒ်ရုပ်ရှင် ဒါရိုက်တာ နှစ်ယောက် ဖြစ်ကြတဲ့ Jon Lucas နဲ့ Scott Moore တို့က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Phil ဟာ အထီးကျန်နေတဲ့ လူငယ်တယောက်ဖြစ်ပြီး သူ့မှာ မိတ်ဆွေ သူငယ်ချင်းလည်း မရှိဘဲ အလုပ်နဲ့ ဖုန်းတလုံးနဲ့သာ အချိန်ကုန်နေတာပါ။ တရက်မှာတော့ သူ့ရဲ့ ဖုန်းကို Update လုပ်ရာကစ နောက်ဆုံးပေါ် AI နည်းပညာနဲ့ Jexi အမည်ရတဲ့ Virtual Assistant ကောင်မလေး ရလာချိန်မှာတော့ ချက်ချင်းဆိုသလို နေထိုင်မှုပုံစံဟာ ပြောင်းသွားခဲ့ပါတော့တယ်။ အဲဒီနောက် ဘယ်လို ကမောက်ကမ အခြေအနေတွေ၊ အလွဲအချော်တွေနဲ့ ဖန်တီးပုံဖော်ထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသား Adam DeVine နဲ့အတူ တခြား သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Alexandra Shipp၊ Michael Peña တို့က ပါဝင်ထားကြပြီး Jexi နေရာမှာတော့ သရုပ်ဆောင် မင်းသမီး Rose Byrne က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ Youtube ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို လတ်တလောအချိန်ထိ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up