A d v e r t i s e m e n t With Us

ထားဝယ်လေဆိပ်ချုံရှင်းသည့်ကိစ္စ ဘဏ္ဍာရေးစည်းမျဉ်းနှင့် မကိုက်ညီဟု လွှတ်တော်ဥက္ကဋ္ဌထွက်ဆို

ထားဝယ်လေဆိပ် ချုံနွယ်ရှင်းလင်းတာဟာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီမှုမရှိဘူးလို့  တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက တရားခွင်မှာ ထွက်ဆိုသွားပါတယ်။  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီက တာဝန်ရှိသူ ၃ ဦး အမှုနဲ့ပတ်သက်ပြီး အောက်တိုဘာ ၇ ရက်က ၃၃ ကြိမ်မြောက် ရုံးချိန်းမှာ တရားလိုပြသက်သေအနေနဲ့ ထွက်ဆိုခဲ့တာပါ။ ထားဝယ်လေဆိပ် ပြုပြင်တာ၊ ချုံနွယ်ရှင်းလင်းတာနဲ့ ခြံစည်းရိုးခတ်တဲ့ လုပ်ငန်း ၃ ခုကို လုပ်ဆောင်ဖို့ တနင်္သာရီတိုင်းလွှတ်တော်က အတည်ပြုထားရာကနေ လေယာဉ်ကွင်း ချုံရှင်းလင်းတဲ့ လုပ်ငန်း ၁ ခုတည်းကိုသာ ရန်ပုံငွေသုံးစွဲခြင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီမှု မရှိခဲ့ဘူးလို့  လွှတ်တော် ဥက္ကဋ္ဌ ထွက်ဆိုခဲ့ပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာတော့ လွှတ်တော်ဥက္ကဋ္ဌကို ဒေါက်တာ လဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီက တာဝန်ရှိသူ ၃ ဦးတို့ တရားရင်ဆိုင်နေရသည့် အမှု ၄ မှုနဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့ ရုံးချိန်းမှာတော့ ထားဝယ်မြို့ မြန်မာ့ စီးပွားရေးဘဏ် လက်ထောက်မန်နေဂျာ ဒေါ်မြင့်မြင့်ဌေးကို တရားလိုပြ သက်သေအဖြစ် စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။ သတင်း- တင့်လွင်

A d v e r t i s e m e n t With Us

More News
Up