A d v e r t i s e m e n t With Us

ထားဝယ်ရိုးရာသပိတ်မျှောပွဲတွင် မီးပုံးကြီးများ လွှတ်တင်မည်

အခုနှစ်ကျင်းပမယ့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်မှာ ထားဝယ်မြို့ပေါ်နဲ့ အနီးနားကကျေးရွာတွေမှာ မီးပုံးကြီး ၂၀လုံးဝန်းကျင်လောက် လွှတ်တင်ဖို့ ရှိနေပါတယ်။  လာမယ့် သီတင်းကျွတ်ကာလမှာ ထားဝယ်မြို့၊ ဆိပ်ကမ်းသာလမ်းမှာ ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်နဲ့  စုပေါင်းမီးပုံးပျံလွှတ်အလှပြပွဲကို ကျင်းပဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။ အရင်နှစ်က အရှည် ၉၀ပေ၊ လုံးပတ် ၁၈၅ ပေရှိ မီးပုံးကို ချုပ်လုပ်ခဲ့ပြီး အခုနှစ်မှာတော့ အရှည် ၁၀၀ပေ၊ လုံးပတ် ၂၀၀ပေရှိတဲ့ မီးပုံးကို ချုပ်လုပ်ထားတယ်လို့ မီးပုံးပြုလုပ်သူတဦးက ပြောပါတယ်။ ကျေးရွာအများစုက မီးပုံတွေကို သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းသပိတ်မျှောပြီးချိန်မှာ လွှတ်တင်ကြမှာဖြစ်ပြီး မောင်းမကန်ကျေးရွာမှာတော့ သီတင်းကျွတ်လပြည့်ည အချိန်မှာ လွှတ်တင်မှာဖြစ်ပါတယ်။  ထားဝယ်မြို့ပေါ်မှာတော့ သီတင်းကျွတ်လပြည့်ည သပိတ်မျှောပွဲတော်ပြုလုပ်မယ့်နေရာမှာ ည ၇ နာရီကနေစတင်ပြီး စုပေါင်းမီးပုံးလွှတ် အလှပြပွဲ ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။  သတင်း- တင့်လွင်

A d v e r t i s e m e n t With Us

More News
Up