Saturday, June 10, 2023
Homeမေးမြန်းခန်းကခ်င္စစ္ပြဲရပ္ျပီး နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် ကေအန်ယူ တိုက်တွန်း

ကချင်စစ်ပွဲရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် ကေအန်ယူ တိုက်တွန်း

နိုင်ငံတော် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်န၀ါရီ ၅ ရက်နေ့ ညနေပိုင်းက သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့နဲ့ ကချင်ထိုးစစ်ရပ်ဆိုင်းဖို့ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံအပြီးမှာ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ခဲ့ပြီး ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တည်ခင်းတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။ ဇန်န၀ါရီ ၆ ရက်နေ့မှာတော့ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ရေးကိစ္စတွေ ဆွေးနွေးကြပြီး ရန်ကုန်မြို့က ကရင်ရပ်မိရပ်ဖတွေ၊ လူမှုအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ကေအန်ယူကိုယ်စားလှယ်အဖွဲ့ဝင် တွဲဖက်အတွင်းရေးမှူး ၂ – ပဒိုမန်းမန်းနဲ့ ဆက်သွယ် မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular