A d v e r t i s e m e n t With Us

စပါးနည်းပြကို ကစားသမားများက ချစ်စနိုးဖြင့် “အစ်ကိုကြီး” ဟု နာမည်ပြောင်ပေး

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကစားသမားတွေဟာ သူတို့ရဲ့နည်းပြ ပိုချက်တီနိုကို အစ်ကိုကြီးလို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ အခုလို နာမည်ပေးခဲ့ရတဲ့ အကြောင်းရင်းကတော့ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ရက်က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်အပြီးမှာ အနားယူခြင်းမရှိသေးပဲနဲ့ လေ့ကျင့်ခန်းဆင်းတဲ့ အချိန်မှာ ရိုက်ကူးထားတဲ့ စီစီတီဗွီမှတ်တမ်း အသေးစိတ်ကို ပြန်ကြည့်လေ့ရှိတာကြောင့် အခုလိုပဲ “အစ်ကိုကြီး” 'ဆိုတဲ့ နာမည်ပြောင်ကို ချစ်စနိုးနဲ့ ခေါ်ဝေါ်နေကြတာ ဖြစ်ပါတယ်။  ပိုချက်တီနိုဟာ စပါးအသင်းကို ၂၀၁၄ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး သူကိုင်တွယ်ထားခဲ့တဲ့ ၅ နှစ်တာကာလမှာ ထိပ်သီးစာရင်းဝင် အသင်းကြီးတသင်းအဖြစ် ဦးဆောင်နိုင်ခဲ့သလို အသင်းသားတွေကလည်း သူ့ကို ချစ်ခင်ကြတယ်လို့ သိရပါတယ်။  ပိုချက်တီနိုနဲ့ စပါးအသင်းတို့ အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်လည်း ဒီနှစ်ကုန်ပိုင်းမှာ ပြသဖို့ရှိတာကြောင့် စပါးနဲ့ ပိုချက်တီနိုရဲ့ ကြားက မသိရသေးတဲ့ အကြောင်းအရာ တော်တော်များများကိုလည်း ပရိသတ်တွေ သိရတော့မှာ ဖြစ်ပါတယ်။  ပိုချက်တီနိုဟာ လက်တလောမှာတော့ အသင်းကို စွန့်ခွာပြီး ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စိတ်ဝင်စားနေမှုကို ငြင်းဆန်ထားတာ မရှိတာကြောင့် ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။  စပါးအသင်းကတော့ လက်ရှိရာသီမှာ ခြေစွမ်းပျက်ယွင်းနေပြီးတော့ ရလဒ်တွေ ဆိုးရွားနေ သလို နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ၂ ဂိုး ၇ ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up