A d v e r t i s e m e n t With Us

၁၈ ပေအမြင့်ရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် နေပြည်တော်တွင်ထားရှိမည်

 ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တခု နေပြည်တော်မှာထားရှိဖို့ စီစဉ်နေပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်ကို ကိုယ်စားပြုတဲ့ ရုပ်တုဖြစ်ဖို့ကို  ဦးစားပေး တည်ဆောက်တာဖြစ်တယ်လို့ နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ပြောပါတယ်။   အောက်တိုဘာလ ၇ ရက်က  ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တည်ဆောက်ရေး ဦးစီးကော်မတီ ဆပ်ကော်မတီ မြို့မိမြို့ဖနဲ့ အလှူရှင်တွေကို တည်ဆောက်မှု အခြေအနေတွေကို ရှင်းလင်းတင်ပြတဲ့ အခမ်းအနားမှာ အခုလို ပြောဆိုခဲ့တာပါ။ အဲ့ဒီ ဗိုလ်ချုပ် မြင်းစီး ကြေးရုပ်တုကို နေပြည်တော်မှာရှိတဲ့ သပြေကုန်းအဝိုင်းမှာ ထားရှိမှာဖြစ်ပြီး ရုပ်တုရဲ့ အမြင့်က ၁၈ ပေရှိပြီးတော့ ဗိုလ်ချုပ် လုပ်ကြံမခံရစဉ် နောက်ဆုံးရှိခဲ့တဲ့ အသက် ၃၀ လောက်က ရုပ်ပုံအတိုင်း ထုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးက မြို့တွေနယ်တွေ အတော်များများမှာလည်း ဗိုလ်ချုပ်ကြေးရုပ်တုတွေကို အပြိင်အဆိုင်တည်ဆောက်ထားရှိနေကြတာပါ။  ဗိုလ်ချုပ် ရုပ်တုတွေရဲ့ ပုံစံတွေဟာ တခုနဲ့တခု မတူပဲ ကွဲလွဲမှုတွေကြောင့် ဝေဖန်မှုတွေ အမျိုးမျိုးထွက်ပေါ်နေသလို တိုင်းရင်းသား ဒေသတချို့မှာတော့ ဗိုလ်ချုပ် ကြေးရုပ်တုထားရှိမှာကို ကန့်ကွက် ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အခု နေပြည်တော်မှာထားရှိမယ့် ဗိုလ်ချုပ် ရုပ်တုဟာဆိုရင် ကြေးပိဿာ ၇ တန် အသုံးပြုမှာ ဖြစ်ပြီး လာမယ့် ၂၀၂၀ ဖေဖော်ဝါရီလ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာ တည်ဆောက်ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up