ပစိဖိတ်ဒေသအတွင်း တရုတ်က စစ်အင်အားမြှင့်တင်ရန် ရည်ရွယ်နေဟု ထိုင်ဝမ်ဝန်ကြီး သတိပေး

733
ပစိဖိတ်ဒေသထဲက နိုင်ငံတွေဟာ တရုတ်ရဲ့ အာဏာရှင်ဆန်ဆန် နယ်ချဲ့ဝါဒနဲ့ ရင်ဆိုင်နေရတယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီး ဂျိုဆက်ဖ်ဝူက အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။
ပစိဖိတ်ဒေသတစ်လျောက် တင်းမာမှုတွေ မြင့်တက်နေချိန်မှာ တရုတ်ဟာ ဒေသတွင်းမှာ စစ်ရေး အင်အားမြင့်တင်ဖို့ ရည်ရွယ်နေတယ်လို့ ပစိဖိတ်နိုင်ငံများ ပူးပေါင်းရေး ဖိုရမ်တခုမှာ ဂျိုဆက်ဖ်ဝူက သတိပေးခဲ့တာပါ။
ပြီးခဲ့တဲ့တစ်လအတွင်း ပစိဖိတ်ဒေသထဲက ထိုင်ဝမ်ရဲ့ မဟာမိတ်နိုင်ငံ နှစ်နိုင်ငံဟာ တရုတ်အစိုးရနဲ့ မဟာမိတ်ပြောင်းဖွဲ့ပြီး ထိုင်ဝမ်နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက် လိုက်ပါတယ်။
ဒါ့ကြောင့် တရုတ်အစိုးရဟာ ဒေါ်လာသံတမန်ဆက်ဆံရေး တည်ထောင်နေတယ်လို့ ထိုင်ဝမ်က စွပ်စွဲခဲ့ပါသေးတယ်။
တရုတ်တစ်နိုင်ငံတည်း မူဝါဒအရ တရုတ်ပြည်မကြီး အစိုးရဟာ ထိုင်ဝမ်ကို သူ့ရဲ့ သင်းကွဲပြည်နယ်တခုအဖြစ် သတ်မှတ်ထားတာကြောင့် တခြားနိုင်ငံတွေနဲ့ သံတမန် ဆက်ဆံရေး တားမြစ်ထားပါတယ်။
ပစိဖိတ်ဒေသတွင်း ထိုင်ဝမ်ရဲ့ ဝင်ဆံ့မှုကို သေးငယ်အောင်လုပ်နေတဲ့ တရုတ်ရဲ့ ခြေလှမ်းတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြဖို့ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေကို ဂျိုဆက်ဖ်ဝူက တိုက်တွန်းခဲ့ပါတယ်။