ယူကရိန်းတွင် ပြည်သူ ထောင်နှင့်ချီ ဆန္ဒပြ
ယူကရိန်းနိုင်ငံရဲ့ မြို့တော်ကိယက်ဗ်က အဓိကရင်ပြင်မှာ ထောင်နဲ့ချီတဲ့လူတွေ အောက်တိုဘာ ၆ ရက်က စုရုံး ဆန္ဒပြခဲ့ကြပါတယ်။
၅ နှစ်ကြာ ပဋိပက္ခဖြစ်နေပြီး ရုရှားလိုလားတဲ့ သူပုန်တွေတပ်စွဲထားတဲ့ ယူကရိန်း အရှေ့ပိုင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရေး ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇေလန်စကီနဲ့ ရုရှားအစိုးရကြား သဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ပထမဆုံး ထိုးဖောက်ကျော်လွှားမှု အနေနဲ့ ရုရှား ကိုယ်စားလှယ်တွေနဲ့ ယူကရိန်း ကိုယ်စားလှယ်တွေဟာ ဒွန်ဘတ်စ် ဒေသအတွက် ရွေးကောက်ပွဲ အစီအစဉ်ကို အောက်တိုဘာ ၁ ရက် ဆွေးနွေးပွဲတွေအတွင်း သဘောတူခဲ့ပါတယ်။
အထူးအုပ်ချုပ်ခွင့်ကိုလည်း အခြေခံဥပဒေအရ ပြဋ္ဌာန်းပေးဖို့ ပါရှိပါတယ်။ ဒါ့အပြင် ခွဲထွက်ရေး စစ်သည်တွေနဲ့ ထိတွေ့မှုမျဉ်းကနေ ယူကရိန်းစစ်တပ်တွေကို အစိုးရက ပြန်ခေါ် ဆုတ်ခွာဖို့လည်း သဘောတူခဲ့ပါတယ်။
ဒါပေမယ့် ယူကရိန်း ပြည်သူတွေကတော့ ဒါဟာ သမ္မတ ဇေလန်စကီက အကြီးအကျယ် သစ္စာဖောက်တဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ကြတာပါ။
၂၀၁၄ ဧပြီက စတဲ့ ယူကရိန်းအရှေ့ပိုင်း စစ်ပွဲအတွင်း လူအယောက် ၁၃၀၀ ကျော် သေဆုံးခဲ့ ပြီးပါပြီ။