A d v e r t i s e m e n t With Us

လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီကို ခေါ်ယူရန် မန်ယူ စောင့်ကြည့်

မန်ယူအသင်းဟာ တိုက်စစ်ပိုင်းအားဖြည့်နိုင်ဖို့အတွက် လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီကို ခေါ်ယူဖို့ ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ အပတ်တွေကတည်းက တိုက်စစ်မှူး ဒမ်ဘီလီကိုခေါ်ယူဖို့ ကင်းထောက်တွေနဲ့ စဉ်ဆက်မပြတ်စောင့်ကြည့်ခိုင်းခဲ့တာဖြစ်ပါတယ်။  တနင်္လာနေ့က ကစားခဲ့တဲ့ စိန့်အက်တီယန်နဲ့ပွဲကို ယူနိုက်တက်ကင်းထောက်တွေ လာရောက်စောင့်ကြည့်ခဲ့ကြေပေမယ့် တိုက်စစ်မှူးဒမ်ဘီလီက ဒုတိယပိုင်းမှာ လူစားဝင် ကစားခဲ့ပါတယ်။  အဲဒီပွဲမှာ လိုင်ယွန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပြီး ဒမ်ဘီလီဟာလည်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။  အသက် ၂၃ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီဟာ စိန့်အက်တီယန်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အခုနှစ်ဘောလုံးရာသီ ၈ ပွဲကစားအပြီးမှာ ၆ ဂိုးအထိ သွင်းယူထား တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအ‌ရွှေ့မှာ ဒမ်ဘီလီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up