A d v e r t i s e m e n t With Us

မန်ယူကို ပရီးမီးယားလိဂ်ထိပ်တန်း ၆ သင်းစာရင်းဝင်အဖြစ် သတ်မှတ်ထားဟု ဆိုးလ်ရှားပြော

မန်ယူအသင်းကို ပရီးမီးယားလိဂ်ထိပ်တန်း ၆ သင်း စာရင်းဝင်အသင်းအဖြစ်ပဲ သတ်မှတ်ထားတယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားခဲ့ပွဲစဉ်မှာ ရှုံးပွဲတပွဲထပ်မံကြုံတွေ့ခဲ့ရတာကြောင့် အမှတ်ပေးဇယား အဆင့် ၁၂ အထိကျဆင်း သွားခဲ့ရတာပါ။ ပွဲစဉ် ၈ အပြီးမှာ အဆင့် ၁၂ မှာ ရပ်တည်ခဲ့တာကြောင့် နှစ်ပေါင်း ၃၀ အတွင်းမှာ အဆိုးရွားဆုံးရလဒ်နဲ့ ရင်ဆိုင်နေရတာပါ။ လာမယ့်ပွဲစဉ်တွေမှာတော့ အကောင်းဆုံးခြေစွမ်းရဖို့ အာရုံစိုက်သွားရမှာဖြစ်ပြီး ထိပ်တန်းလေးသင်း စာရင်းဝင်အဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်မထားကြောင်းနဲ့ ထိပ်တန်း ၆ သင်း စာရင်းဝင်အသင်းအဖြစ်ပဲ သတ်မှတ်ထားတယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။  အခုချိန်မှာ နိုင်ငံတကာပွဲစဉ်တွေ ကစားဖို့ရှိနေတာက မိမိတို့အသင်းအတွက် အချိန်ကိုက်ဖြစ်ပြီး လီဗာပူးအသင်းနဲ့ပွဲမှာ ပြန်လာနိုင်ဖို့ ကြိုးပမ်းမယ်လို့ ဆိုးလ်ရှားက ဆိုသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up