A d v e r t i s e m e n t With Us

နာမည်ကြီး Joker ရုပ်ရှင် ရုံတင်ဝင်ငွေကန်ဒေါ်လာ ၂၃၄ သန်းဖြင့် စံချိန်ချိုး

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့က ရုံတင်ပြသခဲ့တဲ့ ဟောလိဝုဒ်နာမည်ကြီး ရုပ်ရှင် Joker ဟာ Box Office ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃၄ သန်းနဲ့ စံချိန်ချိုးနိုင်ခဲ့ပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၅၅ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကို Box Office မှာတော့ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅ သန်းနဲ့ ၁၀၅ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းခဲ့တာပါ။ ခုလတ်တလောမှာတော့ Joker ရုပ်ရှင်က ပြည်တွင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၉၃ ဒဿမ ၅ သန်း၊ နိုင်ငံတကာရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄၀ ဒဿမ ၅ သန်း၊ စုစုပေါင်း ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃၄ သန်းနဲ့ ဦးဆောင်နေခဲ့တာပါ။ ဒီဝင်ငွေဟာ အောက်တိုဘာလရဲ့ ရုံတင်ဝင်ငွေထိပ်တန်းစံချိန်သစ်တခု ဖြစ်လာခဲ့ပါတယ်။ Box Office ရုံတင်ဝင်ငွေ ထိပ်တန်းဇယားမှာတော့ Joker ရုပ်ရှင်ရဲ့နောက်မှာ ဒု တိယမြောက်သီတင်းပတ်အဖြစ် ရုံတင်ပြသနေတဲ့ အဲန်နီမေးရှင်းရုပ်ရှင် Abominable၊ နာမည်ကျော် အိုင်တီဗွီရုပ်သံဇာတ်လမ်းတွဲကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးလိုက်တဲ့ Downton Abbey၊ နာမည်ကြီး သရုပ်ဆောင်မင်းသမီး ဂျနီဖာလိုပက်ဇ်ပါဝင်သရုပ် ဆောင်ထားတဲ့ Hustlers နဲ့ နာမည်ကျော် IT: Chapter Two ရုပ်ရှင်ကားတွေက အသီးသီး ရပ်တည်နေကြပါတယ်။ Psychological Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Joker ရုပ်ရှင် ကားကိုတော့ Warner Bros. Pictures က ဖြန့်ချိလိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Todd Phillips က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Joker ဆိုတာကတော့ နာမည်ကျော် DC Comics အခြေခံရိုက်ကူးထားတဲ့ Batman ရုပ်ရှင်ကားထဲက ဗီလိန်ဇာတ်ကောင် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ၁၉၈၁ ခုနှစ်ကာလမှာ လူ့အသိုင်းအဝိုင်းက လျစ်လျူရှုခံခဲ့ရတဲ့ မအောင်မြင်တဲ့ ဟာသသရုပ်ဆောင် Arthur Fleck တယောက် ဂိုသမ်မြို့မှာ ပရမ်းပတာအခြေအနေ ဖြစ်အောင် လုပ်ဆောင်ခဲ့ပြီး ရာဇဝတ်မှုကျူးလွန်သူတဦး ဖြစ်လာခဲ့ပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေနဲ့အတူ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဘယ်လို ပုံဖော်ဖန်တီးထားမလဲဆိုတာတွေကို ရှုစားကြရမှာပါ။ ဒီကားထဲမှာ အဓိကသရုပ်ဆောင် Joker အနေနဲ့ ရွှေကမ္ဘာလုံးဆုအပါအဝင် သရုပ်ဆောင်အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားတဲ့ အမေရိကန်သရုပ်ဆောင်မင်းသား Joaquin Phoenix က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Robert De Niro ၊ Zazie Beetz ၊ Frances Conroy စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာပါ။ ကြာမြင့်ချိန် ၁၂၂ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင် ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာ Rating 9.4 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲ တော်တခုဖြစ်တဲ့ Venice International Film Festival မှာ ကနဦးပြသခဲ့ပြီး အမြင့်ဆုံး ဆုဖြစ်တဲ့ Golden Lion ဆုကို ရရှိထားပါတယ်။ Toronto International Festival မှာတော့ အဓိကသရုပ်ဆောင်မင်းသား Joaquin Phoenix က TIFF Tribute Actor Award ကို ရရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up