အီတလီတွင် နေအိမ်တအိမ်၏ ရေချိုးခန်းနောက် ဝှက်ထားသည့် ဆေးခြောက်စိုက်ခင်းတခု တွေ့ရှိ
အီတလီနိုင်ငံ ကာယဲရီမြို့က နေအိမ်တအိမ်ရဲ့ ရေချိုးခန်းနောက်ထဲမှာ ဝှက်ထားတဲ့ ဆေးခြောက်စိုက်ခင်းတခုကို တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကိုကိုးကားပြီး ရိုက်တာသတင်းဌာနက အောက်တိုဘာ ၆ ရက်မှာ ဖော်ပြပါတယ်။
ရေချိုးခန်းနံရံအနောက်ဘက် လျှို့ဝှက်တံခါးကို ဖွင့်လိုက်တဲ့အခါ စတုရန်းမီတာ ၅၀၀ ပတ်လည်အကျယ်အဝန်းရှိတဲ့ ဖန်လုံအိမ် ဆေးခြောက် စိုက်ခင်းကို တွေ့ခဲ့ရတာပါ။
အဲဒီလျှို့ဝှက်အခန်းထဲက ကြီးမားတဲ့ စည်ပိုင်းတွေထဲမှာ ဆေးခြောက်ပင်တွေပြည့်နေပြီး သေနတ်တလက်နဲ့ ကျည်ဆန်တွေကိုလည်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြသတဲ့ ရုပ်သံဖိုင်မှာ တွေ့ခဲ့ရပါတယ်။
ဆေးခြောက်စိုက်ခင်း တွေ့ရှိတာနဲ့ ပတ်သက်လို့ ကာယဲရီဒေသမှာ အမျိုးသား တယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အီတလီသတင်းဌာန ANSA က ဖော်ပြပါတယ်။