အမေရိကန် ဘားတခု သေနတ်ပစ်ခတ်မှုအတွင်း ၄ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ် ကန်းဆက်စီးတီးမြို့က ဘားတခုမှာ အောက်တိုဘာ ၆ ရက်က  သေနတ်ပစ်ခတ်မှုအတွင်း လူ ၄ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရတယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။  လက်ရှိမှာတော့ ရဲတပ်ဖွဲ့က သံသယရှိသူ သေနတ်သမားကို ရှာဖွေ စုံစမ်းနေကြပါတယ်။ သံသယရှိသူဟာ ပစ္စတိုသေနတ်တလက်ကို အသုံးပြုခဲ့ပြီး ဒီပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ရက်တွေက ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေနဲ့မဆိုင်ဘဲ သီးခြားဖြစ်ရပ်တခုလို့ ကန်းဆက်စီးတီးရဲဌာန ပြောခွင့်ရ သောမက်စ် တိုမက်ဆစ်က ပြောပါတယ်။  အောက်တိုဘာ ၆ ရက်နေ့က အဲဒီဘားအတွင်း စုစုပေါင်း လူ ၉ ယောက် ပစ်ခတ်ခံရပြီး ၄ ယောက် သေဆုံးခဲ့တယ်လို့ ကန်းဆက်စီးတီးရဲဌာနရဲ့ တရားဝင်တွစ်တာအကောင့်မှာ ဖော်ပြခဲ့ပါတယ်။

More News
Up