Homeမြန်မာသတင်း
R.ဇာနည်နှင့် အဆိုတော်များသီဆိုသည့် “မျှော်လင့်ချက်တို့ အဆုံးမသတ်နဲ့” မူးယစ်ပညာပေး သီချင်း(ရုပ်သံ)
R.ဇာနည်နှင့် အဆိုတော်များသီဆိုသည့် “မျှော်လင့်ချက်တို့ အဆုံးမသတ်နဲ့” မူးယစ်ပညာပေး သီချင်း(ရုပ်သံ)
DVB
·
October 7, 2019
“လူဆိုတာ တခါတရံမှာ ဘဝရဲ့ လမ်းတွေထဲ… ကိုယ်ကိုယ်တိုင် နာကျင်စရာကို မှားယွင်းရွေးချယ်တယ်… တဒင်္ဂလေးပျော်ပါးနိုင်ဖို့… ဘဝတခုလုံးကို ပေးကာစတေးကာ ရယ်… အန္တရာယ်လမ်းမများပေါ်မယ်… မူးမေ့မျောပါဆဲ”
ဒါကတော့ နာမည်ကြီးအဆိုတော် R.ဇာနည်၊ ဝိုင်းစုခိုင်သိန်းနဲ့ အဆိုတော်တွေ အများကြီး ပါဝင်သီဆိုထားတဲ့ အကျိုးပြုသီချင်းတပုဒ်ဖြစ်ပြီး 528 Love - မူးယစ်ဆေးနှင့် မိသားစုကနေ တင်ဆက်လိုက်တာ ဖြစ်ပါတယ်။
မူးယစ်ဆေးသုံးစွဲမှုနဲ့ သူရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေကြောင့် ဒုက္ခ ရောက်ရတဲ့အကြောင်း အဖြစ်အပျက်တွေကို ပုံဖော်ရေးဖွဲ့ထားတဲ့ ဒီသီချင်းကိုတော့ R.ဇာနည်၊ ဝိုင်းစုခိုင်သိန်းတို့နဲ့အတူ တခြားအဆိုတော်တွေ ဖြစ်ကြတဲ့ ဂျီလတ်၊ ဝေလ၊ အောင်လ၊ အောင်ထက်၊ အားတီ၊ X-BOXIN၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ကေကေမိုးနဲ့ ဂျူ ဝယ်လ်တို့ကလည်း အတူသီဆိုပေးထားတာ ဖြစ်ပါတယ်။
“အန္တရာယ်ကို ခုံမင်စွာ… စွဲလန်းငြိတွယ်ဆဲ… မကြာခင်မှာ ဝေဒနာတွေရယ်… ဒုက္ခ ပြဿနာများရယ်… အမှောင်မိုက်ဆုံး ဒီညတွေထဲ… ရုန်းကန်အားငယ်… အထီး ကျန်ခြင်းနဲ့ လဲပြိုဆဲ”
မြန်မာနိုင်ငံတစ်ဝန်းမှာ နေ့စဉ်သက်ရောက်နေတဲ့ မူးယစ်ဆေးသုံးစွဲမှုကနေ လွတ် မြောက်နိုင်ဖို့ မိသားစုနဲ့မိတ်ဆွေတွေရဲ့ အကူအညီနဲ့ အပြောင်းအလဲတွေလုပ်ပေးနိုင် ကြောင်း ရည်ရွယ်ချက်ကောင်းနဲ့ ရေးဖွဲ့သီဆိုထားတဲ့ ဒီသီချင်းကိုတော့ အမေရိကန်သံ ရုံးရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထား ခဲ့တာပါ။
“ပြန်ကြိုးစားခွင့်ပြုပါ… ဖိနှိပ်လို့ မဆက်ဆံနဲ့… ရုန်းထွက်ခွင့်ပြုပါ… မျှော်လင့်ချက် တို့ အဆုံးမသတ်နဲ့… တခါပြန်နိုးထခွင့်ပြုပါ… တို့အားလုံးရဲ့ အချစ်တွေနဲ့… ဒီအချိန် ကမ်းလက်လှမ်းလိုက်ပါ… မျှော်လင့်ချက်တို့ အဆုံးမသတ်နဲ့”အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ HIV/AIDS Flagship Project စီမံ ကိန်း၊ 528 Love - မူးယစ်ဆေးနှင့်မိသားစုကနေပြီး မူးယစ်ဆေးသုံးစွဲမှုရဲ့ နောက်ဆက် တွဲနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ ပံ့ပိုးပေးနေ သလို၊ မူးယစ်ဆေးသွေးကြောထဲထိုးသွင်းသူတွေရဲ့မိသားစုတွေ၊ မိတ်ဆွေတွေအနေနဲ့ သူတို့ရဲ့ လူမှုအသိုက်အဝန်းအတွင်း အကူအညီပေးနိုင်မယ့်နည်းလမ်းတစ်ခု ရှာဖွေနိုင်ဖို့ ကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။