အမေရိကန် မိုးပျံပူဖောင်းပွဲတော် ကောင်းကင်တခွင် ရောင်စုံပူဖောင်းများဖြင့် ပြည့်နှက်
အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အယ်လ်ဘူခါကီမြို့မှာ ကျင်းပတဲ့ Balloon Fiesta မိုးပျံပူဖောင်းပွဲတော် ဒုတိယမြောက်နေ့ အောက်တိုဘာ ၆ ရက်မှာ ကောင်းကင်တခုလုံး ရောင်စုံ မိုးပျံပူဖောင်းတွေနဲ့ ပြည့်နေပါတယ်။
ပွဲတော်စတဲ့ ပထမနေ့ အောက်တိုဘာ ၅ ရက်မှာ မိုးပျံပူဖောင်းတွေ အုပ်စုလိုက် လွှတ်တင်ဖို့ စီစဉ်ခဲ့ပေမယ့် မြူတွေထူထပ်နေတာကြောင့် အစီအစဉ်ဖျက်ခဲ့ရတယ်လို့ Yahoo သတင်းဌာနက ဖော်ပြပါတယ်။
အဲဒီမိုးပျံပူဖောင်းပွဲတော်ကို အောက်တိုဘာ ၁၃ ရက်အထိ ကျင်းပသွားမှာပါ။ ပွဲတော်ကို သောင်းချီတဲ့ ပွဲကြည့်ပရိသတ်တွေ လာရောက်အားပေးကြမယ်လို့ မျှော်လင့်ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။