A d v e r t i s e m e n t With Us

အမေရိကန် မိုးပျံပူဖောင်းပွဲတော် ကောင်းကင်တခွင် ရောင်စုံပူဖောင်းများဖြင့် ပြည့်နှက်

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အယ်လ်ဘူခါကီမြို့မှာ ကျင်းပတဲ့ Balloon Fiesta မိုးပျံပူဖောင်းပွဲတော် ဒုတိယမြောက်နေ့ အောက်တိုဘာ ၆ ရက်မှာ ကောင်းကင်တခုလုံး ရောင်စုံ မိုးပျံပူဖောင်းတွေနဲ့ ပြည့်နေပါတယ်။  ပွဲတော်စတဲ့ ပထမနေ့ အောက်တိုဘာ ၅ ရက်မှာ  မိုးပျံပူဖောင်းတွေ အုပ်စုလိုက် လွှတ်တင်ဖို့ စီစဉ်ခဲ့ပေမယ့် မြူတွေထူထပ်နေတာကြောင့် အစီအစဉ်ဖျက်ခဲ့ရတယ်လို့ Yahoo သတင်းဌာနက ဖော်ပြပါတယ်။  အဲဒီမိုးပျံပူဖောင်းပွဲတော်ကို အောက်တိုဘာ ၁၃ ရက်အထိ ကျင်းပသွားမှာပါ။ ပွဲတော်ကို သောင်းချီတဲ့ ပွဲကြည့်ပရိသတ်တွေ လာရောက်အားပေးကြမယ်လို့ မျှော်လင့်ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up