လှိုင်သာယာ ညောင်ရွာရပ်ကွက်က ရွှေ့ပြောင်းနေထိုင်သူများ (ဓာတ်ပုံအက်ဆေး)
DVB
·
October 7, 2019
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်က ညောင်ရွာရပ်ကွက်လေးမှာ ကျူးကျော်နေထိုင်သူ ၇၀၀ လောက် နေထိုင်နေကြပါတယ်။
ဒီရပ်ကွက်က အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ်လူရွယ်တွေဟာ နီးစပ်ရာ စက်ရုံတွေမှာ အလုပ်လုပ်ကြပြီး မိဘတွေကတော့ ကလေးထိန်း၊ မီးပူတိုက် အလုပ်တွေလုပ်ကြပါတယ်။
ကျူးကျော်မိသားစု အများစုဟာ စားဝတ်နေရေးမပြေလည်ကြလို့ ကျောင်းတက်နိုင်တဲ့ ကျောင်းသားတွေက မတက်နိုင်တဲ့ ကျောင်းသားတွေကို စာပြန်သင်ကြားပေးနေကြတာလည်း ရှိပါတယ်။
အဆိုပါ ရပ်ကွက်က ရွှေ့ပြောင်းနေထိုင်သူ အများစုဟာ ၂၀၀၀ ပြည့်နှစ် ဝန်ကျင်လောက်ကတည်းက စတင်နေထိုင်နေကြတာဖြစ်ပြီး အဲ့အချိန်က မြေနေရာအတွက် အနည်းဆုံး ငွေကျပ် ၃၅၀ကျပ်ကနေ အများဆုံး ၄၀၀၀ ကျပ်ထိ ဒီမြေကို ပိုင်ဆိုင်တယ်ဆိုတဲ့ လူတဦးကို ငွေပေးကာ နေထိုင်နေကြရတာပါ။
၂၀၁၂ခုနှစ်မှာတော့ UK ကြာဇံ ကုမ္ပဏီကို ငွေကျပ် ၅၀၀၀ကျပ်ထိတိုးပေးခဲ့ပြီး ငွေကျပ်၆၀၀၀ ထိတိုးတောင်းရာမှ ကျူကျော်တွေက ငွေ မပေးနိုင်တာကြောင့် ၂၀၁၂ မှ ၂၀၁၈ ခုနှစ်အထိ တရား ရင်ဆိုင်ခဲ့ရပါတယ်။
အမှုနိုင်ပြီး နေအိမ် ၁၅ လုံးကို UK ကြာဆံစက်ရုံပိုင်ရှင်က ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က အတင်းအကျပ်ဖယ်ရှားခဲ့ပြီး နောက်ထပ်၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှာလည်း ထပ်မံဖယ်ရှား ရှင်းလင်းခံရမယ့် အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဒါ့ကြောင့် ရပ်ကွက်နေပြည်သူတွေနဲ့ ရဲတွေအကြား ထိပ်တိုက်တွေ့ဆုံ တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ဖျက်ဆီးထားရတဲ့ နေအိမ်တွေကို ပြန်လည်တည်ဆောက်ကာ နေထိုင်နေကြပါတယ်။
Photo - Ye Myo Khant / MPA