စင်ကာပူနိုင်ငံမှ ဖန်လုံအိမ်ဓာတ်ငွေ့ တန်ချိန် ၅၂ သန်းကျော် လေထုထဲကို ထုတ်လွှတ်နေ

915
စင်ကာပူနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖန်လုံအိမ်ဓာတ်ငွေ့ တန်ချိန်ပေါင်း ၅၂ ဒဿမ ၅ သန်း ထုတ်လွှတ်ခဲ့တယ်လို့ အစိုးရ ဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး စင်ကာပူ အခြေစိုက် ချယ်နယ် နယူးအေရှ (စီအန်အေ) သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ဓာတ်ငွေ့ပမာဏရဲ့ ၆၀ ရာခို်ငနှုန်းလောက်ကို စင်ကာပူမှာရှိတဲ့ စက်မှုလုပ်ငန်းတွေကနေ ထုတ်လွှတ်နေတာလို့ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး ဒေါက်တာ ခိုးပိုကွန်းက အောက်တိုဘာ ၇ ရက်က ပြောပါတယ်။
စက်မှုကဏ္ဍကနေ ထွက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏရဲ့ လေးပုံ တပုံလောက်ဟာ ရေနံချက် လုပ်ငန်းနဲ့ ရေနံဓာတုလုပ်ငန်းတွေနေထွက်ရှိတာ ဖြစ်တယ်လို့လည်း ဒေါက်တာ ခိုးကပြောပါတယ်။
သတင်း-ဓာတ်ပုံ- CNA