A d v e r t i s e m e n t With Us

ပြည်ပရောက်မြန်မာလုပ်သားများ ယမန်နှစ်က ဒေါ်လာသန်း ၉၀၀ ကျော် ငွေပြန်လွှဲပို့ 

ပြည်ပရောက်မြန်မာလုပ်သားတွေထံကနေ ပြည်တွင်းကို ငွေလွှဲပို့တဲ့ပမာဏဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၉၀၉ သန်းကျော်ရှိတယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနကထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။  အခု ၂၀၁၉ ဇန်နဝါရီကနေ ဇွန်လအထိ ၆ လတာကာလအတွင်း ငွေလွှဲပို့ တဲ့ပမာဏကတော့ ဒေါ်လာ   ၅၂၆ သန်းကျော် ရှိပါတယ်။   ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက တနှစ်လုံးမှာ အမေရိကန်ဒေါ်လာ ၁၀၁ သန်းကျော်ရှိပြီး ၂၀၁၅ ခုနှစ်မှာ သန်း ၂၇၀ ကျော်၊ ၂၀၁၆ ခုနှစ်မှာ သန်း ၄၆၀ ကျော်ရှိကာ နှစ်တိုင်း သန်း ၂၀၀ ကျော်တိုးလာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံက လူပေါင်း ငါးသန်းကျော်လောက်  ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်နေကြပြီး လေးသန်းလောက်က တရားမဝင်သွားရောက်တာဖြစ်တယ်လို့ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအထဲက အလုပ်သမား ၉ သိန်းလောက်သာ တရားဝင်ဘဏ်တွေကို အသုံးပြုပြီး ငွေလွှဲ ပို့နေကြတယ်လို့  ဗဟိုဘဏ်စာရင်းတွေအရ သိရပါတယ်။ ၁၉၉၀ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် ဇွန်လအထိ အလုပ်သမား  တသန်းကျော် တရားဝင် စေလွှတ်ခဲ့ပြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီ ၂၉၈ ခုက တဆင့် စေလွှတ်ခဲ့တာလို့ အစိုးရ တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up