A d v e r t i s e m e n t With Us

ရေးမြို့နယ်တွင် သုံးတန်းကျောင်းသူတဦး အဓမ္မပြုကျင့်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာမှာ ၃ တန်းကျောင်းသူအား အဓမ္မပြုကျင့်ခဲ့မှု သံသယနဲ့ အသက် ၆၂ အရွယ် အမျိုးသားကို အမှုဖွင့်စစ်ဆေးနေတယ်လို့ ရေးမြို့နယ်ရဲစခန်း တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။ သောင်ပြင်ကျေးရွာ အကွက် ၁၆ နေအိမ်နေမှာ မိခင်ဖြစ်သူ ဒေါ်ခင်ညို ထမင်းချက်နေစဉ် သမီးဖြစ်သူ ၁၀ နှစ်အရွယ် ၃ တန်းကျောင်းသူအား ဖခင်ဖြစ်သူရဲ့ သူငယ်ချင်း ဦးပလုံ က အောက်တိုဘာ ၄ ရက်နေ့ မနက်က အဓမ္မပြုကျင့်ခဲ့တာလို့  ရဲအရာရှိက ပြောပါတယ်။ သမီးဖြစ်သူအား အဓမ္မ ပြုကျင့်ခဲ့တဲ့  ဦးပလုံအား အရေးယူပေးဖို့ မိခင်ဖြစ်သူ ဒေါ်ခင်ညိုဝင်းက အောက်တိုဘာ ၆ ရက်နေ့ ညနေမှာ လမိုင်းနယ်မြေရဲစခန်းကို လာရောက်တိုင်တန်းခဲ့တာလို့ ဆိုပါတယ်။ လမိုင်းနယ်မြေရဲစခန်းက ဦးပလုံကို ပြစ်မှုဆိုင်ရာ ရာဇာသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားပြီး အသေးစိတ်စစ်ဆေးနေပါတယ်။ သတင်း- နေမျိုးထွဋ် ရေး

A d v e r t i s e m e n t With Us

More News
Up