ဂျပန်အိုးပန်း တင်းနစ်ချန်ပီယံဆုကို ကမ္ဘ္ဘာ့နံပါတ်တစ် ဂျိုကိုဗစ် ပထမဆုံးအကြိမ် ဆွတ်ခူး
ဂျပန်နိုင်ငံမှာ မနေ့က ယှဉ်ပြိုင်သွားတဲ့ တိုကျိုအိုးပန်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ကမ္ဘာနံပါတစ် ၁ နိုဗက် ဂျိုကိုဗစ် အနိုင်ရသွားပါတယ်။
အသက် ၃၁ နှစ်အရွယ် ဂျိုကိုဗစ်ဟာ သြစတြေးလျက ဂျွန်မဲမန်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားတာပါ။
ဒီပြိုင်ပွဲဟာ ဂျိုကိုဗစ်အတွက် ယူအက်စ်အိုးပန်းမှာ ဒဏ်ရာရလို့ မကစားနိုင်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ပထမဆုံး ယှဉ်ပြိုင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပထမပွဲကို ဂျိုကိုဗစ်က ၆- ၃၊ ဒုတိယပွဲကို ၆- ၂ နဲ့ အနိုင်ရသွားပါတယ်။
ဂျပန်အိုးပန်း ချန်ပီယံဆုဟာ ဂျိုကိုဗစ်အတွက် ကစားသမား သက်တမ်းအတွင်း ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်တာပါ။ အခု ချန်ပီယံဆုဟာ သူ့အတွက်တော့ ၇၆ ခုမြောက်ရတဲ့ ဆုဖလား ဖြစ်ပါတယ်။