A d v e r t i s e m e n t With Us

ဘိုလီးဗီးယားနိုင်ငံတွင် လူပေါင်းသန်းချီ  ဆန္ဒပြ

Photo : REUTERS/Rodrigo Urzagasti
 ဒီနှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် လောင်ကျွမ်းခဲ့တဲ့ တောမီးတွေအပေါ် အစိုးရရဲ့ တုံ့ပြန်ပုံကို မကျေနပ်လို့ ဘိုလီးဗီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့က လမ်းတွေပေါ်မှာ ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေ ချီတက်ရင်း သမ္မတ အီဗိုမိုရေးစ်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ အောက်တိုဘာ ၂၀ ရက် ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ မိုရေးစ်ကို အပြစ်ပေးတဲ့အနေနဲ့ မဲမပေးကြဖို့လည်း  ဆန္ဒပြပွဲအတွင်း ‌လှုံဆော်ခဲ့ကြပါတယ်။ လက်တင် အမေရိကရဲ့ သက်တမ်းအရှည်ဆုံး လက်ဝဲဝါဒီ ခေါင်းဆောင် မိုရေးစ်ဟာ အဓိကပြိုင်ဘက် စီးပွားရေး ကျွမ်းကျင်သူ သမ္မတဟောင်း ကာလို မေဆာနဲ့ ယှဉ်ပြိုင်ရမှာပါ။ စန်တာခရုဇ်မြို့က သောကြာနေ့ ဆန္ဒပြပွဲမှာ လူ ၁ ဒသမ ၅သန်းထိ ပါဝင် ဆန္ဒပြတယ်လို့ စီစဉ်သူတွေက ပြောကြပြီး ရိုက်တာသတင်းဌာနကတော့ လူ ၃သိန်းခွဲလောက် ချီတက်ခဲ့တယ်လို့ ပြောပါတယ်။ ဒီမြို့ခံတွေဟာ ဒီမြို့မှာ နှစ်ရာချီ အခြေချ နေထိုင်တဲ့ တိုင်းရင်းသားတွေလည်း ဖြစ်ပါတယ်။ အိမ်နီးချင်း ကော့စတာရီကာနိုင်ငံတွင်းက တောမီးက ဘိုလီးဗီးယား တောမီးလောက် မကြီးပေမယ့် နိုင်ငံအဆင့် ကပ်ဘေးဆိုက်နေပြီလို့ ကြေညာခဲ့လို့ နိုင်ငံတကာ အထောက်အပံ့ ရရေးမှာ အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကလည်း ဘိုလီးဗီးယားက ကပ်ဘေး ကြေညာခဲ့ရင် တောမီးကို ထိန်းချုပ်ရေး နိုင်ငံခြားကနေ လိုအပ်တဲ့ အကူအညီတွေကိုရဖို့ ကြိုးနီစနစ် အဟန့်အတားတွေကို ဖယ်ရှားနိုင်မယ်လို့ ပြောနေကြပါတယ်။ မိုရေးစ်ရဲ့ အစိုးရကတော့ တောမီးကို ငြှိမ်းသတ်ဖို့ ကပ်ဘေး ကြေညာချက် ထုတ်ပြန်ရင် တိုင်းပြည်ရဲ့ အချုပ်အခြာကို နိုင်ငံခြားက ဝင်ရောက် မွှေနှောက်ဖို့ ဖိတ်ခေါ်ရာ ရောက်မယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up