မန်စီးတီး ရှုံးပြီး အာဆင်နယ်နှင့် ချဲလ်ဆီးတို့ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီး ရှုံးပွဲတွေ့ပြီး အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ အနိုင်ရသွားပါတယ်။
မန်စီးတီးက အိမ်ကွင်းမှာ ဝုလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်သွားတာပါ။ မန်စီးတီး ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ပေမယ့် တဖက်က ဝုလ်အသင်းက ကစားပုံ ကောင်းတာကြောင့် အရှုံးပေးလိုက်ရပါတယ်။
ဝုလ်အသင်းအတွက် အနိုင်ဂိုးတွေကို တရာအိုနီ တယောက်တည်း သွင်းယူပါတယ်။
တဖက်မှာ အာဆင်နယ်အသင်းက အိမ်ကွင်းမှာ ဘိုးမောက်ကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။
အနိုင်ဂိုးကို ပွဲအစ ၉ မိနစ်မှာ ဒေးဗစ်လု့စ်က သွင်းယူပါတယ်။ ဒီနိုင်ပွဲကြောင့် ၁၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို တက်လှမ်းသွားပါတယ်။
ချဲလ်ဆီးအသင်းကတော့ အဝေးကွင်းမှာ ဆောက်သမ်တန်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို အေဘရာဟမ်၊ မေဆန်မောက့်၊ ကန်တီနဲ့ ဘတ်စ်ဝိုင်ရီတို့က သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၅ နေရာကို ရောက်ရှိသွားပါတယ်။