A d v e r t i s e m e n t With Us

ဒေါ်နယ်ထရမ့်၏ဗွီဒီယို Copy Right နှင့်ငြိသဖြင့် တွစ်တာက ဖြုတ်ချ

မူရင်းပိုင်ရှင်ရဲ့ စောဒကတက်မှုကြောင့် တွစ်တာကုမ္ပဏီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဗွီဒီယိုဖိုင်တခုကို ဖြုတ်ချလိုက်ပါတယ်။  ဒီဗွီဒီယိုဖိုင်ဟာ Nickelback အဖွဲ့ရဲ့ နာမည်ကျော်သီချင်းတပုဒ်ဖြစ်တဲ့ Photograph  ဖြစ်ပြီး ထရမ့်က ဒီသီချင်းကို ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို တိုက်ခိုက်ဖို့အတွက် လူမှုကွန်ရက်ပေါ် တင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Nickelback အဖွဲရဲ့ Phortograph သီချင်းဟာ လူမူကွန်ရက်ပေါ်က အင်တာနက်မီးမ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်းကို ခံနေရပြီး ထရမ့်ဟာလည်း ဒီပုံစံအတိုင်း မီးမ်လုပ်ကာဘိုင်ဒန်နဲ့ သူ့သားဖြစ်သူတို့ကို တိုက်ခိုက်ခဲ့တာ ပဲဖြစ်ပါတယ်။  ထရမ့်ဟာ သူ့ဗွီဒီယိုမှာ Nickelback အဖွဲ့ရဲ့အဆိုရှင် ချဒ်ခရိုဂါက လက်ကကိုင်ထားတဲ့ ဓာတ်ပုံနေရာမှာ မစ္စတာဘိုင်ဒန်၊ သူ့သားနဲ့ ဒီမွန်အာချာတို့ ၂၀၁၄ ခုနှစ်မှာရိုက်ကူးထားတဲ့ ပုံကိုထည့်သွင်းပြီး လှောင်ပြောင်ခဲ့တာပဲ ဖြစ်ပါတယ်။  ဘိုင်ဒန်ဟာ ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် ရေပန်းစားနေသူဖြစ်ပြီးတော့ ထရမ့်က သူနဲ့သူ့သားဖြစ်သူတို့ရဲ့ ယူကရိန်း၊ တရုတ်တို့က စီးပွားရေးလုပ်ငန်းတွေအကြောင်းကို မကြာခဏ ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။  အာချာဟာ ဘိုင်ဒန်ရဲ့သားဖြစ်သူ ဟန်တာရဲ့ ကာလရှည်စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး သူ့ရဲ့ ယူကရိန်းဓာတ်ငွေ့ ကုမ္ပဏီကို ဦးဆောင်နေသူတဦး ဖြစ်ပါတယ်။  ဖြုတ်ချခံရတဲ့ ဗွီဒီယိုဖိုင်မှာ ထရမ့်က မစ္စတာအာချာကို “ယူကရိန်းဓာတ်ငွေ့ရေးရာ ကျွမ်းကျင်သူ” အဖြစ်ဖော်ညွှန်းခဲ့တာလည်း ဖြစ်ပါတယ်။  “မူရင်းဖန်တီး သူရဲ့တိုင်ကြားမှုအပေါ် တုံ့ပြန်မှုအနေနဲ့ ဒီဗွီဒီယိုကိုဖြုတ်ချခဲ့ပါတယ်” လို့ တွစ်တာက ပြောပေတယ်။  Warner Music Group က Nickelback အဖွဲ့ကိုယ်စား ဒီဖြစ်ရပ်ကို တိုင်ကြားလိုက်တာပဲ ဖြစ်ပါတယ်။  ဒေါ်နယ်ထရမ့်ရဲ့ ဗွီဒီယိုဖိုင်ဖြုတ်ချခံရမှုဟာ အခုပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ အခုနှစ်အစောပိုင်းမှာ ထရမ့်ဟာ Batman ရုပ်ရှင်ထဲက The Dark Knight Rises ကိုအသုံးပြုခဲ့လို့ သူ့တွစ်တာပို့စ်ကို ဖြုတ်ချခံခဲ့ရသလို  ၂၀၁၆ ခုနှစ်ကလည်း EA ကုမ္ပဏီရဲ့ စောဒကတက်မှု ကြောင့် ထရမ့်ရဲ့ ပို့စ်တခုကို တွစ်တာဘက်က ဖြုတ်ချခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up