A d v e r t i s e m e n t With Us

ဟာဇက်၏ သွင်းဂိုးများကို တပ်မံမြင်တွေ့လိုဟု ဇီဒန်း ပြော

အီဒင်ဟာဇတ်ဟာ ဒီထက်ပိုပြီးတိုးတက်လာမှာဖြစ်ပြီး နောက်ထပ်သွင်းဂိုးတွေကို မြင်တွေ့လိုတယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ပြောပါတယ်။ ဘယ်လ်ဂျီယံစတားဟာ ဂရမ်နာဒါကို ၄ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ စနေနေ့ပွဲမှာ ရီးရဲလ် အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီးတဲ့နောက် ဇီဒန်းက အခုလို ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။        ဟာဇတ်က ဒီရာသီအစပိုင်းကမှ ရီးရဲလ်အသင်းကို ချဲလ်ဆီးအသင်းကနေ ပြောင်းရွေ့ခဲ့ပြီး အစောပိုင်းကာလတွေမှာ အသင်းသစ်အတွက် ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။  “ကျနော်တို့ အီဒင် ကောင်းကောင်း ကစားနေတာနဲ့ ဂိုးအများကြီးသွင်းတာမျိုးကို မြင်တွေ့ချင်ပါတယ်။ ဒါဟာ သူ့ဆီမှာ ပျောက်ဆုံးနေတဲ့ အရာတခုလည်းဖြစ်ပါတယ်” လို့ ဇီဒန်းကပြောပါတယ်။  “ဒီဂိုးအတွက် သူပျော်ရွှင်နေသလို ကျနော်တို့လည်း ပျော်ရွှင်ရပါတယ်။ ဒါဟာ သူနောက်ထပ်သွင်းမယ့် ဂိုးပေါင်းများစွာရဲ့ အစဖြစ်ဖို့မျှော်လင့်ပါတယ်” လို့ ဇီဒန်းက ထပ်မံပြောဆိုပါတယ်။  ဘယ်လ်ဂျီယမ် လက်ရွေးစင်အသင်းဟောင်းခေါင် ဟာဇက်ဟာ လိုင်လီအသင်းမှာ ပြသခဲ့တဲ့ခြေစွမ်းကြောင့် ချဲလ်ဆီးအသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရသူဖြစ်ပြီး ချဲလ်ဆီးအသင်းမှာတော့ သူ့ကစားသမားဘဝရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ကာလရှည်သတင်းထွက်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံကို ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းသစ်အတွက် အထိုင်ကျဖို့ ရုန်းကန်နေရကာ ပထမဆုံးဂိုးကို အခုပွဲစဉ်မှာမှ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up