A d v e r t i s e m e n t With Us

ယူနိုက်တက်ကိုကိုယ်စားပြုနိုင်ရေး စိတ်ဓာတ်ကြံ့ခိုင်ရန်လိုဟု ဆိုးလ်ရှား သတိပေး

ယူနိုက်တက်အသင်းကို ကိုယ်စားပြုဖို့အတွက် စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုအပ်တယ်လို့ ဆိုးလ်ရှားက သူ့အသင်းသားတွေ့ကို သတိပေးလိုက်ပါတယ်။  ယူနိုက်တက်အသင်းရဲ့ ရာသီအစရလာဒ်တွေဆိုးရွားမှုကြောင့် ဝေဖန်သံတွေ ဆူညံနေချိန်မှာ အခုလို သတိပေးလိုက်တာပါ။ ယူတိုက်တက်အသင်းဟာ လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာရပ်တည်နေပြီး ဒီနေ့ည ၁၀ နာရီ နယူးကာဆယ်အသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ် ၁၀ ပွဲလုံး အနိုင်ရရှိခဲ့ခြင်းမရှိသလို နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲ ၂၀ မှာလည်း ၁၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။  ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းမှာ လူငယ်မျိုးဆက်တခုကို တည်ထောင်ဖို့ ကြံရွယ်နေတာဖြစ်ပေမယ့် အခုချိန်ထိတော့ သူ့အစီစဉ်တွေက အလုပ်ဖြစ်သေးပုံမရပါဘူး။  “ယူနိုက်တက်အသင်းသားဖြစ်ဖို့ဆိုရင် သူတို့အနေနဲ့ စိတ်ဓာတ်မာကျောနေရပါတယ်။ ကစားပွဲရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ယူနိုက်တက်နဲ့ပတ်သက်တဲ့ သတင်းတွေဟာ နောက်နေ့ သတင်းတွေရဲ့ ခေါင်းကြီးပိုင်းတွေမှာ နေရာယူနေဦးမှာပါပဲ။ ဒါဟာ ယူနိက်တက်အသင်း ကြုံနေရတဲ့ အခြေအနေဖြစ်တာကြောင့် ကစားသမားတွေအနေနဲ့ စိတ်ဓာတ်ခိုင်မာပြီး သူတို့ကိုယ်သူတို့ ဂရုစိုက်ဖို့ လိုအပ်ပါမယ်” လို့ ဆိုးလ်ရှားကပြောပါတယ်။  “ကျနော် သူတို့ကို ပြောဆိုမှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့သူတို့ရဲ့ စိတ်ဓာတ်ရေးရာကို မြှင့်တင်ပေးဖို့ ဆောင်ရွက်နေပါတယ်။ သူတို့အနေနဲ့လည်း သူတို့ကိုယ်သူတို့ ယုံကြည်ပြီးတော့၊ သူတို့လုပ်နေတဲ့အရာပေါ်မှာ ယုံကြည်မှုရှိနေဖို့ လိုအပ်ပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။ ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း တဦးဖြစ်တဲ့ ဆိုးလ်ရှားဟာ ကစားသမား ဘဝမှာရော၊ နည်းပြဘဝမှာပါ တာထွက်မကောင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပြီး သူ့အသင်းဟာ လက်ရှိအနေအထားကိုပြောင်းလဲနိုင်ပြီး ဒီရာသီမကုန်ခင် ကောင်းမွန်တဲ့ လမ်းကြောင်းတခုပေါ်  ရောက်ရှိနိုင်တယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up