A d v e r t i s e m e n t With Us

မူးယစ်ဆေးသံသယရှိသူအား သတင်းထောက်က တွေ့ဆုံမေးမြန်းနေစဉ် သေနတ်သမားများ ဝင်ရောက်ပစ်ခတ်

မက္ကဆီကိုနိုင်ငံထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူလို့ သံသယရှိတဲ့ လူတယောက်အား တွေ့ဆုံမေးမြန်းနေချိန် သေနတ်သမားတွေက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့လို့ သံသယရှိသူ သေဆုံးပြီး သတင်းထောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၄ ရက်က လူတွေ့မေးမြန်းနေတုန်း သေနတ်သမား ၄ ယောက်က ဝင်စီးနင်း ပစ်ခတ်ခဲ့တာဖြစ်ပြီး မေးမြန်းခံရတဲ့ သံသယရှိသူ သေဆုံးခဲ့ပြီး National Geographic မဂ္ဂဇင်း သတင်းထောက်ကတော့ ခြေထောက်မှာ ဒဏ်ရာရခဲ့တဘ်လို့ ဒေသန္တရ အစိုးရရှေ့နေက ပြောပါတယ်။  သတင်းထောက်ဟာ မဂ္ဂဇင်းက တာဝန်ပေးထားတဲ့ ဂျာနယ်လစ် လေးယောက်အဖွဲ့ထဲမှာ မေးမြန်းခန်းကို အသံဖမ်းနေသူ တယောက်လို့ ချီဟွာဟွာ ပြည်နယ် ရှေ့နေချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။  အပစ်ခံရသူ သတင်းထောက်ကို ဆေးရုံခေါ်သွားပြီး ကုသပေးထားတယ်၊ ကျန်တဲ့ အဖွဲ့ဝင်တွေကို ရှေ့နေချုပ်ရုံးမှာ ကာကွယ်ပေးထားတယ်လို့ ကြေညာချက်က ဆိုပါတယ်။  ဒီဖြစ်ရပ်အတွက် တာဝန်ရှိသူကိုရှာဖို့ စုံစမ်းစစ်ဆေးနေပြီး စွပ်စွဲခံ မူးယစ်ဆေးရောင်းသူနဲ့ သတင်းထောက်တွေရဲ့ နာမည်တွေကို မဖော်ထုတ်ဘူးလို့လဲ ကြေညာချက်က ဆိုပါတယ်။  National Geographic ရဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရသေးပါဘူး။ ချီဟွာဟွာ ပြည်နယ်မြောက်ပိုင်း နယ်စပ်ဟာ မက်ဆီကို နိုင်ငံရဲ့ အကြမ်းဖက်ဆုံး ပြည်နယ်တွေထဲက တခုပါ။  မက္ကဆီကိုနိုင်ငံက ပြည်နယ် ၃၂ ခုထဲက အကြမ်းဖက်ဆုံး ၆ ခုမြောက် ပြည်နယ်လို့ အစိုးရ သတင်းအချက်အလက်တွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up