အမေရိကန်တွင် လူ ၄ ဦးအား သံပိုက်ဖြင့် ရိုက်သတ်ခဲ့သည့် အိမ်ခြေမဲ့အမျိုးသားကို ဖမ်းဆီး

945
အမေရိကန်နိုင်ငံ နယူးယောက်မြို့က တရုတ်တန်းမှာ အိမ်ခြေမဲ့ လူ ၄ ယောက်ကို သံပိုက်နဲ့ အသေရိုက်သတ်ခဲ့တဲ့ အိမ်ခြေမဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတယောက်ကို ရဲတွေက အောက်တိုဘာ ၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အရာရှိတွေ ရောက်လာချိန်မှာ တယောက် သေဆုံးနေပြီး အနားဝန်းကျင်မှာလည်း နောက်ထပ် ၃ လောင်း တွေ့ရလို့ သံသယရှိသူကို အနားက အချုပ်ခန်းမှာ ထိန်းသိမ်းထားခဲ့ပါတယ်။
သေဆုံးသူတွေဟာ တိုက်ခိုက်ခံရချိန်မှာ အိပ်ပျော်နေခဲ့ပုံရတယ်လို့ နယူးယောက်မြို့ မန်ဟန်တန် တောင်ပိုင်း ရဲစခန်းမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကြုံသလို တိုက်ခိုက်မှု ဖြစ်ပုံရပြီး ငါးယောက်မြောက် တိုက်ခိုက်ခံရသူကတော့ ဆေးရုံတင် ကုသခံနေရတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားမှု အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။