အင်ဒိုနီရှားရေတပ် စစ်ရေးပြ သရုပ်ပြပွဲ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်
DVB
·
October 6, 2019
ရန်ကုန်မြို့ကို ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ အင်ဒိုနီရှားရေတပ်မှ ရေယာဉ် အမှုထမ်းတွေရဲ့ Drum Band Performance စစ်ရေးပြ သရုပ်ပြပွဲ အခမ်းအနားကို ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်ရှိ ပြည်သူ့ရင်ပြင်မှာ ဒီနေ့မနက် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
ဒီသရုပ်ပြပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းမြို့တော်ဝန် ဦးမောင်မောင်စိုးတို့ကလည်း တက်ရောက်ခဲ့ပါတယ်။ သရုပ်ပြပွဲအပြီးမှာတော့ ပြည်သူ့ရင်ပြင်ကနေ အင်ဒိုနီးရှားသံရုံးအထိ ပြည်လမ်းတလျှောက် ချီတကေသရုပ်ပြခဲ့ပါသေးတယ်။
အင်ဒိုနီးရှားရေတပ်က ရွက်သင်္ဘော အမျိုးအစား စစ်ရေယာဉ် KRI BIMA SUCI-945 ဟာ ချစ်ကြည်ရေးခရီး လည်ပတ်ဖို့ အောက်တိုဘာ ၅ ရက်နေ့က သီလဝါဆိပ်ကမ်းကို ရောက်ရှိလာခဲ့တာပါ။
ဒီချစ်ကြည်ရေးခရီးစဉ်မှာ ရေယာဉ်အမှုထမ်း အရာရှိ၊ စစ်သည် ၁၀၁ ဦး၊ ဗိုလ်လောင်း ၁၀၉ဦးတို့ဟာ အောက်တိုဘာလ ၈ရက်နေ့အထိ လေးရက်တာနေထိုင်ပြီး ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေကို လေ့လာလည်ပတ်သွားမယ်လို့ သိရပါတယ်။