A d v e r t i s e m e n t With Us

ဂိုးသမား လောရစ် လက်ဒဏ်ရာ အခြေအနေမကောင်းဟု စပါးနည်းပြ ပြော

ဘရိုက်တန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ စပါးအသင်း ဂိုးသမား လောရစ်ရဲ့ လက်ဒဏ်ရာ အခြေအနေက သိပ်မကောင်းဘူးလို့ စပါးနည်းပြ ပိုချက်တီနိုက ပြောပါတယ်။  ဂိုးသမား လောရစ်ဟာ မနေ့ညက ဘရိုက်တန်ကို ၃ ဂိုးပြတ်နဲ့ ရှုံးတဲ့ပွဲစဉ်မှာ ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရခဲ့တာပါ။  စပါးအသင်းကတော့ အသင်းခေါင်းဆောင် ဂိုးသမားလောရစ်ရဲ့ ဘယ်ဘက် တတောင်ဆစ် အဆစ်လွဲသွားတယ်လို့ အတည်ပြုထားပါတယ်။   ပြင်သစ် ဂိုးသမား လောရစ်ဟာ ဒီဒဏ်ရာကြောင့် ထမ်းစင်နဲ့ သယ်ထုတ်ခဲ့ရပြီး ဂိုးသမား လူစားလဲခဲ့ရပါတယ်။  ဒဏ်ရာအတွက် ဂိုးသမား လောရစ်အနေနဲ့ အချိန်ဘယ်လောက်ကြာကြာ အနားယူရမလဲ ဆိုတာကတော့ စပါးအသင်းက ပြောဆိုထားတာ မရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up