A d v e r t i s e m e n t With Us

ဒဏ်ရာကြောင့် ကျော်ကိုကိုနှင့်မောင်မောင်လွင် ကာဂျစ်စတန်ပွဲ လွဲချော်

ဒူးဒဏ်ရာတွေကြောင့် ကျော်ကိုကိုနဲ့ မောင်မောင်လွင်တို့ ကာဂျစ်စတန်နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ လွဲချော်ခဲ့ရတယ်လို့ မြန်မာဘောလုံးအဖွဲချုပ်က ထုတ်ပြန်ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းနည်းပြ မီရိုဒရပ်ဟာ ကာဂျစ်စတန်နှင့် ယှဉ်ပြိုင်ကစားရမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွက် အပြီးသတ် လူစာရင်းကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါစာရင်းမှာ တိုက်စစ်မှူး ကျော်ကိုကိုနဲ့ ကွင်းလယ်ကစားသမား မောင်မောင်လွင်တို့မှာ ဒူးဒဏ်ရာများကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ကျော်ကိုကိုက ဒဏ်ရာဟောင်းဖြစ်တဲ့ ဒူးဒဏ်ရာကို ပြန်လည်ရရှိခဲ့တာဖြစ်ပြီး မောင်မောင်လွင်ကတော့ ဒူးအရွတ်ဒဏ်ရာကြောင့် နှစ်ပတ်လောက် အနားယူရမယ်လို့ မြန်မာ့လက်ရွေးစင်အသင်း ဆရာဝန်ဖြစ်သော ဒေါက်တာ အောင်ကျော်ဦးက အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းဟာ ကာဂျစ်စတန်နိုင်ငံကို အောက်တိုဘာ ၆ ရက်နေ့ ထွက်ခွာမှာဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်မှာတော့ ကာဂျစ်စတန် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပါ။

A d v e r t i s e m e n t With Us

More News
Up