အီရတ်ပဋိပက္ခ ၇၂ ဦးသေဆုံးပြီး ရာချီဒဏ်ရာရ၊ ညမထွက်ရအမိန့် ပြန်ရုပ်သိမ်း

874
အီရတ်နိုင်ငံမှာ ဖြစ်နေတဲ့ လေးရက်ကြာ ပဋိပက္ခအတွင်း သေဆုံးသူ ၇၂ ယောက်အထိ မြင့်တက်လာပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ဘဂ္ဂဒက်မြို့မှာ ညမထွက်ရအမိန့်ကို အီရတ် အာဏာပိုင်တွေက ရုပ်သိမ်းခဲ့ပါတယ်။
ဘဂ္ဂဒက်မြို့မှာ ယာဉ်အသွားအလာ ပုံမှန်ရှိနေပြီး လမ်းတွေနဲ့ ရင်ပြင်တွေမှာလည်း လူတွေ ရှင်းနေပါတယ်။
အီရတ် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး တာဝန်ရှိသူတဦးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရာနဲ့ချီတဲ့လူတွေကို ထိန်းသိမ်းခဲ့ပေမယ့် အများစုကို လွှတ်ပေးလိုက်ပြီလို့ ပြောပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့မှာတော့ စနိုက်ပါ ရဲဝန်ထမ်းတွေက ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ ရိုက်တာသတင်းထောက်က ပြောပါတယ်။
ဒါဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျည်အစစ်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ရေအမြောက်တွေ အပါအဝင် အကြမ်းဖက် နည်းဗျူဟာတွေကို အသုံးပြုလာတာပါ။
အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ သေနတ်သမားတွေဟာ ဆန္ဒပြသူ လူအုပ်အတွင်း ဝင်နေပြီး ရဲတွေကို ပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တယ်ဆိုပြိး တုံ့ပြန်ပြောခဲ့ပါတယ်။