A d v e r t i s e m e n t With Us

နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်း ရှုံးပွဲတွေ့ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်း အိမ်ကွင်းမှာ ဟောဖန်ဟိုင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်သွားပါတယ်။  ဘိုင်ယန်မြူးနစ် ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် တဖက်အသင်းက တန်ပြန်တိုက်စစ်တွေကို အသုံးပြုသွားပါတယ်။  ဟောဖန်ဟိုင်းအတွက် ဦးဆောင်ဂိုးကို ၅၄ မိနစ်မှာ သွင်းယူပါတယ်။ အိမ်ရှင် ဘိုင်ယန်မြူးနစ်အတွက် ချေပဂိုးကို ၇၃ မိနစ်မှာ တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက အနီးကပ် ခေါင်းတိုက်သွင်းယူပါတယ်။  ဒီပွဲမှာ နှစ်သင်းစလုံး ဂိုးပေါက်ကန်သွင်းခွင့်တွေ အပြန်အလှန် ရခဲ့ပါတယ်။ ဟောဖန်ဟိုင်းအတွက် ဒုတိယဂိုးကို ၇၉ မိနစ်မှာ သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဘိုင်ယန်မြူးနစ်အတွက်တော့ ဒီနှစ်ရာသီမှာ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ရတာပါ။

A d v e r t i s e m e n t With Us

More News
Up