စပါးအသင်း အဝေးကွင်းတွင် ဂိုးပြတ်ရှုံး၊ လီဗာပူး နိုင်ပွဲဆက် (ရုပ်သံဟိုက်လိုက်)

803
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ စပါးအသင်းက အဝေးကွင်းမှာ ဘရိုက်တန်ကို ၃ ဂိုးပြတ် ရှုံးနိမ့်သွားပါတယ်။
စပါးအတွက်တော့ ဒီတပတ်အတွင်းမှာ ဒုတိယမြောက်ပွဲစဉ်အဖြစ် ဂိုးပြတ်ရှုံးနိမ့်တာ ဖြစ်ပါတယ်။
ဒီပွဲမှာ စပါးအသင်း ကစားပုံ ပုံမှန်ခြေစွမ်းမျိုးအောက် ရောက်နေပြီး ခံစစ်ပိုင်းမှာလည်း အမှားအယွင်း များခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ဂိုးသမား လောရစ် ဒဏ်ရာရသွားတာကလည်း စပါးအတွက် ထိုးနှက်ချက်လို ဖြစ်ခဲ့ပါတယ်။
နည်ပြ ပိုချက်တီနိုကတော့ အခုလို ရလဒ်တွေ မကောင်းပေမယ့် အထုတ်ခံရမှာကို မစိုးရိမ်ဘူးလို့ ပြောသွားပါတယ်။
နာမည်ကြီး လီဗာပူးကတော့ အိမ်ကွင်းမှာ လက်စတာကို ၂ ဂိုး ၁ ဂိုးနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ တဖက် ၁ ဂိုးစီ သရေဖြစ်နေပြီး ထပ်ဆောင်း အချိန်ပိုမိနစ်မှာ ပင်နယ်တီကနေတဆင့် ဂျိမ်းမေနာက အနိုင်ဂိုး သွင်းယူတာပါ။
လီဗာပူး ၈ ပွဲကစား ၈ ပွဲနိုင် ၂၄ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ လက်စတာအသင်းကတော့ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၃၊ စပါးကတော့ ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၈၊ ဘရိုက်တန်ကတော့ ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၃ မှာ အသီးသီး ရပ်တည်နေပါတယ်။