ရန်ကုန် သိမ်ဖြူစာအုပ်တန်း ပြန်လည်ဖွင့်လှစ် (ဓာတ်ပုံ)
DVB
·
October 5, 2019
ရန်ကုန်မြို့၊ သိမ်ဖြူလမ်းမပေါ် ဝန်ကြီးများရုံးရှေ့မှာ ဖွင့်လှစ်လေ့ရှိတဲ့ ရန်ကုန် စာအုပ်လမ်းကို ဒီနေ့ အောက်တိုဘာ ၅ ရက်မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။
ရန်ကုန်စာအုပ်လမ်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ကတော့ စာအုပ်ဆိုင်ပေါင်း ၁၇၀ ကျော် ရှိခဲ့ပါတယ်။
စာအုပ်လမ်းကို စနေ-တနင်္ဂနွေနေ့တွေမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ သိမ်ဖြူလမ်းပေါ်က ဝန်ကြီးများရုံးရှေ့နဲ့ ဗဟိုပုံနှိပ်စက်ရုံရှေ့၊ အနော်ရထာလမ်းမပေါ်မှာ အပတ်စဉ် ဖွင့်လှစ်တာပါ။