အီရတ် ပဋိပက္ခအတွင်း သေဆုံးသူ ၆၀ ရှိပြီ

အီရတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ၄ ရက်မြောက် ပဋိပက္ခအတွင်း အောက်တိုဘာ ၄ ရက်က သေဆုံးသူဟာ အယောက် ၆၀ ထက်မနည်း ရှိလာပါတယ်။
အစိုးရအကျင့်ပျက်ခြစားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း စနိုက်ပါရဲဝန်ထမ်းတွေက ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တာပါ။
အောက်တိုဘာ ၃ ရက်မှာတော့ဝန်ကြီးချုပ် အက်ဒယ်အဘူမာဒီက ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး အကြမ်းမဖက်ကြဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။
အကြမ်းဖက်မှု မြင့်တက်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အသေပျောက်အများဆုံး ဖြစ်ခဲ့ပါတယ်။
နိုင်ငံရဲ့ သြဇာတိက္ကမကြီးတဲ့ ဘာသာရေးဆရာက အကြမ်းဖက်မှုတွေအတွက် နိုင်ငံရေးသမားတွေကို အပြစ်ဖို့လိုက်ပါတယ်။
သူတို့ဟာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ကောင်းမွန်အောင် မဆောင်ရွက်နိုင်ပါဘူး။ ဒါ့အပြင် ဘာသာရေးဆရာက ဆန္ဒပြသူတွေ တောင်းဆိုချက်ကိုလိုက်လျောဖို့ နိုင်ငံရေး သမားတွေကို ပြောလိုက်ပါတယ်။
အခု အကြမ်းဖက်မှုဟာ လွန်ခဲ့တဲ့နှစ်နှစ်က အိုင်အက်စ်တွေ အကြမ်းဖက်မှုကြောင့် အီရတ်နိုင်ငံ ပျက်စီးယိုယွင်းခဲ့ပြီးနောက်ပိုင်း အဆိုးဆုံး အခြေအနေ ဖြစ်ပါတယ်။
ဆန္ဒပြပွဲတွေဟာ ရှီးယိုက်အများစုရှိရာဒေသမှာ ပေါ်ပေါက်ခဲ့ပေမယ့် တနိုင်ငံလုံးအနှံ့ အလျင်အမြန် ပျံနှံ့သွားခဲ့တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။