Home
မြန်မာသတင်း
ပြန်လွှတ်ပေးလိုက်သည့် ဆရာတော်နှစ်ပါးထဲမှ တပါးကို ထပ်မံတရားစွဲဆို
DVB
·
October 5, 2019
အကြမ်းဖက်မှုဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဆရာတော်နှစ်ပါးကို တရားလိုဘက်က သက်သေခိုင်ခိုင်မာမာ မတင်ပြနိုင်တဲ့အတွက် စွဲချက်မတင်မီ စစ်တွေခရိုင် တရားရုံးက အောက်တိုဘာ ၄ ရက်က လွှတ်ပေးခဲ့ပေမယ့် ဆရာတော်တပါးကို လိုင်စင်မဲ့ ယာဉ်မောင်းနှင်မှု ပုဒ်မ (၈) နဲ့ ထပ်မံစွဲဆိုခဲ့ပါတယ်။ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်ရှိ ဂန္ဓာမာတောင်ကျောင်းထိုင်ဆရာတော် ဦးဉာဏ လွှတ်မြောက်လာခဲ့ပေမယ့် ဆရာတော်တပါးဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့ သီရိမဉ္ဇူကျောင်းတိုက် ဆရာတော် ဦးသုဝဏ္ဏ လိုင်စင်မဲ့ကားမောင်းနှင်မှု ပုဒ်မ (၈) နဲ့ CID မှုခင်းအထူး တပ်ဖွဲ့ ရဲအုပ်ညီညီက ထပ်မံစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွတ်တော်ရှေ့နေ ဦးသန်းထွန်းက “မော်တော်ကားလိုင်စင်မဲ့ကားပေါ့နော်။ ဆရာတော် ကားလို့ စွပ်စွဲတဲ့အခါ ပေါ်တဲ့အတွက်သူ့ကို မော်တော်ယာဉ်နဲ့ပတ်သက်တဲ့ ကညန ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှူးကိုမေးလိုက်တဲ့ အခါ ဒီကားက လိုင်စင်မဲ့ Without ကားဖြစ်တဲ့အတွက်သူ့ကို ပို့ကုန်သွင်းကုန် ပုဒ်မ(၈) ဥပဒေအရ ဆက်လက်ဆောင်ရွက်တာဖြစ်တယ်။ ဆရာတော်ကို ထပ်မံစွဲဆိုထားတဲ့ ပိုကုန်သွင်းကုန် ပုဒ်မ(၈) ဟာ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်ပြီး တရားရုံကိုတင်လိုက်တဲ့အခါ အာမခံလျှောက်ထားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းက ပြောဆိုပါတယ်။ လိုင်စင်မဲ့ မောင်းနှင်တယ်လို့ဆိုပြီး CID မှုခင်းတပ်ဖွဲ့က ရဲအုပ်ညီညီက ပို့ကုန်သွင်းကုန် ပုဒ်မ (၈) ထပ်မံတရားစွဲဆိုပြီးနောက် အောက်တိုဘာ ၁၈ ရက်အထိ တရားရုံးမှာ ရမန်တောင်းယူခဲ့ပါတယ်။ ဆရာတော်အမှုနဲ့ ပတ်သက်လို့ရ မာန် ၁၈ ရက် တောင်းခံခဲ့ပေမယ့် ကညနပြန်ကြားစာ တခုတည်းနဲ့ တရားစွဲလိုရတာကြောင့်နဲ့ ဒီအမှုဟာ ၁၈ ရက်ရက်အထိ ရမာန်ပေးစရာမလိုလို့ တရားရုံးရမာန် ၁၀ ရက်သာ ပေးလိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေက ဦးသန်းထွန်းက ပြောဆိုပါတယ်။ “မှုခင်းတပ်ဖွဲ့က ရဲအုပ်ညီညီက စွဲချက်မတင်မီ လွှတ်လိုက်တယ်ဆိုတာနဲ့ ချက်ချင်းလာပြီးတော့ အရေးယူ အမှုဖွင့်ဆောင်ရွက်တယ်။ အဲဒါတွေက မလုပ်သင့်တဲ့ကိစ္စတွေပါ၊ ပထမစွဲတဲ့အခါ ၅၂ (က)နဲ့ အကြမ်းဖက်နဲ့ စွဲတာ၊ နှစ်မှု တခါတည်း စွဲလိုက်ပေါ့။ တခါတည်း ကိစ္စနှစ်မှုပြတ်တာပေါ့။ တမှုပြီးမှ တမှုထပ်ပြီး စွဲတယ်ဆိုတာက ကျနော်တို့ ကြည့်မယ်ဆိုရင်တော့ တရားခံဘက်ကလည်းခံပြင်းတာပေါ့။ Without ဖမ်းမယ်ဆိုရင် Without ကားတွေအများကြီးပဲ။ ဆရာ်တော် ၂ ပါးကို အေအေအဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၂ (က) နဲ့ ကျောက်တော်မြို့နယ် (၅၃၉) တပ်ရင်းက ဗိုလ်မှူးရဲဇော်ထွန်‌ေက တရားလိုလုပ်ပြုပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုထဲမှာ တရားလိုသက်သေ ၉ ဦးရှိပြီး တရားလိုပြသက်သေ ဗိုလ်မှူးရဲဇော်ထွန်း၊ ဗိုလ်ကြီးပြည်သိမ်း၊ ခမရ ၅၃၉ တပ်ရင်းက ဒုအရာခံဗိုလ်ညွန့်မောင်တို့က တရားရုံးမှာ လာရောက် စစ်ဆေးခံတာမရှိဘူးလို့ တရားလွှတ်တော်ရွေ့နေ ဦးသန်းထွန်းက ပြောပါတယ်။ ဒီအမှုထဲမှာ ကျန်တဲ့လူသုံးယောက်ကိုတော့ အေအေအဖွဲ့နဲ့ ဆက်စပ်တယ်၊ အားပေးကူညီတယ်ဆိုပြီး အကြမ်းဖက်ပုဒ်မ ၅၂ နဲ့ စစ်တွေခရိုင် တရားရုံးက စွဲချက်တင်လိုက်ပါတယ်။ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်ရှိ ဂန္ဓာမာတောင်ကျောင်းထိုင်ဆရာတော် ဦးဉာဏနဲ့ ပုဏ္ဏားကျွန်းမြို့ သီရိမဉ္ဇူကျောင်းတိုက် ဆရာတော် ဦးသုဝဏ္ဏ အပါအဝင် လူသုံးဦးက ပြီးခဲ့တဲ့ဧပြီလ ၁ ရက် စစ်တွေကေန မြောက်ဦးကို ကားနဲ့လာတဲ့အချိန် ကန်းစောက်တောင်အနီးက ၅၃၉ တပ်ရင်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ CID မှုခင်းအထူးတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024